ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က  ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

MDY PDF ဟာ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီအတွက် အထိနာစေမယ့် မစ်ရှင်အကြီးစားတွေကို ဖော်ဆောင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပြီး စိုးမိုးနယ်မြေ‌ အမြောက်အမြားလည်း ရရှိထားတဲ့ တပ်ဖွဲ့ဖြစ်ကြောင်း၊ လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း စစ်ကိုင်းတိုင်းအတွင်းမှာ MDY PDF ရဲ့ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းပြီး စစ်ဆင်ရေး အရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ 

MDY PDF အနေနဲ့ စစ်ကိုင်းတိုင်းတပ်မဟာသစ် ဖွဲ့စည်းမှုအပေါ် စစ်ရေးလေ့လာသုံးသပ်ချက်တွေ ရေးသားနေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်ရဲ့ အမြင်ကို မောင်းက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ…။

“ဒါဟာ အညာမြေလတ်အတွက်တော့ ကောင်းတဲ့ အလားအလာတစ်ခုလို့ ကျနော်ကတော့ မြင်ပါတယ်… စစ်ကိုင်းတိုင်းထဲမှာက cele တိုက်ခိုက်ရေးသမားတွေရှိတယ်… ခေါင်းဆောင်တွေလည်း ရှိတယ်…ဒါပေမယ့် နယ်မြေစိုးမိုးမှုမရသေးဘူး…ကျစ်ကျစ်လျစ်လျစ် မဖြစ်သေးတဲ့ အနေအထားမျိုးပါ…အခု မန္တလေး PDF က စစ်ကိုင်းဘက်လာမယ်ဆိုတော့ စစ်ရေးအခင်းအကျင်းတွေက ပြောင်းသွားမှာပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ 

စစ်ကိုင်းတိုင်းဟာ ရှမ်းပြည်နယ်နီးပါးလောက် ကျယ်ပြန့်တဲ့ ဒေသတစ်ခုဖြစ်ပြီး ချင်း၊ ရှမ်းမြောက်၊ ကချင်၊ မန္တလေး စတဲ့ ဒေသတွေနဲ့လည်း ထိစပ်လျက်ရှိနေတာပါ။ 

ဗိုလ်ကြီးဇင်ယော်ကပဲ ဆက်ပြီး “ မန္တလေးသားတွေက စီမံကွပ်ကဲမှုလည်း ကောင်းသလို အချင်းချင်းလည်း စည်းလုံးညီညွတ်ကြတယ်…မန္တလေး နပခတိုင်းကနေတောင် မတ္တရာကို အရမ်းကြောက်နေတာလို့ ပြောလို့ရတယ်…ဒါကကောင်းတဲ့အရွေ့ပါပဲ ပိုပြီး ကျစ်ကျစ်လျစ်လျစ် ဖြစ်သွားပါတယ်” လို့ ဆိုပါတယ်။ 

အဆိုပါ စစ်ကိုင်းတပ်မဟာမှာ လာရောက်ပူးပေါင်းလိုတဲ့ စစ်သည်တော်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ကြိုဆိုဖိတ်ခေါ်ပြီး စစ်ကိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့လည်း စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ MDY PDF က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဇန်နဝါရီလ ပထမပတ်အတွင်း အကြမ်းဖက် စစ်တပ်မှ တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်၊ လက်နက်ချ၊  စစ်သုံ့ပန်း   ၅၅ ဦး ရှိခဲ့

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၅၅ ယောက် ရှိခဲ့တယ် လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဇန်နဝါရီ ၁၅ မှာ ထုတ်ပြန်ထား ပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ရာ ဒေတွေကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ယောက် သေဆုံးပြီး ၃၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မတ်လ ၁ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သပိတ်ခေါင်းဆောင်များ၊ PDF များနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ အယောက် ၄၀ ကျော်အထိ ရှိလာ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

96 Soldiers တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား

စစ်ကိုင်းတိုင်း၊ လွတ်မြောက်နေရာဒေသတစ်ခုမှာ 96 Soldiers - PDF တော်လှန်ရေးတပ်ဖွဲ့ရဲ့ တည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနားကို မနေ့က အောက်တိုဘာ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

KNU တပ်မဟာ(၁) ဒူးသထူခရိုင်မှာ အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာဝန်ဆောင်မှု သင်တန်းဆင်းပွဲ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်က နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု သင်တန်းကို ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲအတွင်း ထိမှန်ကာ ဆေးရုံရောက်ခါနီးမှ ကျဆုံးခဲ့သည့် ရဲဘော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ဟာ ဆေးကုသဖို့ သွားနေစဥ် လမ်းခရီးအခြေအနေကြောင့် ဆေးရုံရောက်ခါနီးမှာပင် ကျဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၄ တပ်ရင်းထံက သိရပါတယ်။