မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။

ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်အနီးမှာ ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို ဒီဇင်ဘာ ၃၀ ရက် မနေ့က လက်နက်မပါဘဲ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သား ၃ ယောက်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေကိုပါ ဖြည့်ဆည်းပေးထားတဲ့အပြင် လိုအပ်တဲ့ ကျန်းမာရေးအတွက် ဆေးဝါးကုသမှုတွေလည်း ပေးထားတယ်လို့ သိရပါတယ်။

ယောဒေသအတွင်း စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံချင်ရင် ဗျုဟာ ၈၁ ယောဗျူဟာဆီ ဆက်သွယ်နိုင်သလို လက်နက် အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာရင် ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးမယ်လို့ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အညာဒေသမှာ တိုးချဲ့အခြေချပြီး စစ်ရေးလှုပ်ရှားမှုတွေ စတင်ဖို့ BPLA တပ်သားသစ်တွေ စတင်ခေါ်ယူ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA အနေနဲ့ အညာဒေသမှာ အခြေချတော့မယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ အညာတိုက်ပွဲတွေ တိုးချဲ့ဖော်ဆောင်ဖို့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

ဖရူဆိုကိုသွားသည့် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

မကွေးတိုင်းထဲမှာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်ကြောင်းနဲ့ပါလာသူ ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ အလင်းဝင်ခိုလှုံလာတယ်လို့ အဆိုပါ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ရွာ ၃ ရွာကို မီးထပ်ရှို့လို့ နေအိမ် ၁၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁ ယောက်ကိုပါ မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်အုပ်စုက ​မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ တပခ ဌာနချုပ်နှင့် ကေတုမတီလေတပ်စခန်းကို တိုက်ခိုက်မှုအတွင်း လေတပ်ရဲမေအရာရှိ ၂ ဦးအပါ အရာရှိ ၃ ဦးနှင့် စစ်သား ၈ ဦး သေဆုံး၊  တိုင်းရုံးစစ်ဦးစီးဌာနနှင့် လေယာဉ်သိုလှောင်ရုံစခန်းတွေ ပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ တောင်ငူ (ကေတုမတီ) လေတပ်ကို ရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်မှုအတွင်း လေတပ်ရဲမေအရာရှိ ၂ ယောက် အပါအဝင် အရာရှိ ၃ ယောက်နဲ့ စစ်သား ၈ ယောက် သေဆုံးပြီး တိုင်းရုံးစစ်ဦးစီးဌာနနဲ့ လေယာဉ်သိုလှောင်ရုံစခန်းတွေ ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးပါဝင်ဖို့ NUG ဖိတ်ခေါ်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်လာဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်  တိုက်တွန်းလိုက်ပါတယ်။