၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒို စောလှထွန်းက အဖွင့်မိန့်ခွန်းပြောကြာပြီးနောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံနဲ့ ကရင်အမျိုးသားအလံတော်ဖြစ်ပေါ်လာပုံတို့ကို ဖတ်ကြားခြင်း၊ ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ ကေအဲန်ယူ-အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌရဲ့ မိန့်ခွန်းနဲ့ ပေးပို့လာတဲ့ သဝဏ်လွှာတွေ ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ကေအဲန်ယူ-ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စဖါးလုံးဟိန်းနဲ့ Australian Karen Organization (AKO) ဥက္ကဋ္ဌ စောလွင်ဦးတို့ တက်ရောက်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွေနဲ့ အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားမှည ကရင်အမျိုးသားရိုးရာဒုံးအကတွေနဲ့ ကပြဖျော်ဖြေခြင်းတွေ အားကစားပွဲကျင်းပခြင်းတွေ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို ခေါင်းဆောင်ကြီးတွေနဲ့ ဧည့်သည်တော်တွေ စုစုပေါင်း လူဦးရေ (၁၅၀) ကျော် တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝန်းသိုတွင် ကျေးရွာမီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၃ ဦး ဒဏ်ရာရကာ အရှင်ဖမ်းခံရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ထန်တလန်မှာ စစ်ကောင်စီ တပ်သား ၃ ယောက် သေနတ် ၄ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

ချင်းပြည်နယ်၊ ထန်တလန်မြို့က လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက်က သေနတ် ၄ လက်နဲ့ ခဲယမ်းတွေကို ယူဆောင် အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အဓမ္မ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်သား (၇) ယောက် KNDF ထံ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရပြီး ကရင်နီဒေသ ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်သား (၇) ယောက်ဟာ KNDF တပ်ရင်း အသီးသီးထံ အလင်းဝင်ရောက်လာတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ 
Read More

လက်နက်ထောက်ပံ့ပြီး စစ်ရေးအတွေ့အကြုံပေးသည့် AA နှင့် ပထမဆုံး စစ်သင်တန်းတွင် ပညာသင်ကြားပေးခဲ့သည့် CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတပ် CDF-Daai ပြော

လက်နက်အထောက်အပံ့နဲ့ စစ်ရေးအတွေ့အကြုံတွေ ပေးတဲ့ အာရက္ခတပ်တော် AA နဲ့ ပထမဆုံး စစ်သင်တန်းမှာ ပညာသင်ကြားပေးခဲ့တဲ့ CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတော်လှန်ရေးတပ်တစ်ဖွဲ့ဖြစ်တဲ့ CDF-Daai က တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်နေ့ စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။