၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒို စောလှထွန်းက အဖွင့်မိန့်ခွန်းပြောကြာပြီးနောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံနဲ့ ကရင်အမျိုးသားအလံတော်ဖြစ်ပေါ်လာပုံတို့ကို ဖတ်ကြားခြင်း၊ ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ ကေအဲန်ယူ-အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌရဲ့ မိန့်ခွန်းနဲ့ ပေးပို့လာတဲ့ သဝဏ်လွှာတွေ ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ကေအဲန်ယူ-ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စဖါးလုံးဟိန်းနဲ့ Australian Karen Organization (AKO) ဥက္ကဋ္ဌ စောလွင်ဦးတို့ တက်ရောက်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွေနဲ့ အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားမှည ကရင်အမျိုးသားရိုးရာဒုံးအကတွေနဲ့ ကပြဖျော်ဖြေခြင်းတွေ အားကစားပွဲကျင်းပခြင်းတွေ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို ခေါင်းဆောင်ကြီးတွေနဲ့ ဧည့်သည်တော်တွေ စုစုပေါင်း လူဦးရေ (၁၅၀) ကျော် တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်နေ

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေး အင်အားစုတွေ ပိုမို ကျစ်လစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဇူလိုင်လ ၂၄ ရက်က စတင်ကာ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ABSDF ဒုဥက္ကဌ ဦးဆောင်သည့်အဖွဲ့မှ ​ပြည်သူလူထုကို လက်ရှိ နိုင်ငံရေးနှင့် စစ်ရေး အခြေအနေများ ပြောကြား၊ လူထုစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး‌ (ကျောင်းသားတပ်မတော်) - ABSDF ရဲ့ ဒုဥက္ကဌ ရဲဘော်လဆိုင်း ဦးဆောင်ပြီး ABSDF အမှတ်( ၂ ) စစ်ကြောင်း တာဝန်ရှိသူတွေက စိုးမိုးနယ်မြေရှိ ပြည်သူလူထုကို လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ ပြောကြားခြင်းနဲ့ လူထုစည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ABSDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

KPF တပ်ဖွဲ့တာဝန်ရှိသူ ချန်းဂျော်ရမ် ကချင်ရှေ့တန်းစစ်မျက်နှာမှာ ကွယ်လွန်

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကချင်ပြည်နယ်တစ်နေရာမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။
Read More

ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ “ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါ ကြဲရတာလဲ။ ငါတို့မှာ ဘာအပြစ်ရှိတာကြောင့်လဲ”

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 1007 MOBYE PDF 2 က ထုတ်ပြန်ထားပါတယ်။
Read More

⁨ပေါက်ခေါင်းမှာ စစ်တပ်အတွက် ရိက္ခာပို့ကားကို ကြားဖြတ်တိုက်ခိုက်၊ ကားပေါ်ပါလာတဲ့ စစ်သားအားလုံး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေရှိရာကို ရိက္ခာလိုက်လံပို့နေတဲ့ ရိက္ခာသည်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ရာ ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သား (၉) ယောက်လုံး သေဆုံးသွားတယ်လို့  ပြည်ခရိုင်တပ်ရင်း ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။