၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒို စောလှထွန်းက အဖွင့်မိန့်ခွန်းပြောကြာပြီးနောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံနဲ့ ကရင်အမျိုးသားအလံတော်ဖြစ်ပေါ်လာပုံတို့ကို ဖတ်ကြားခြင်း၊ ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ ကေအဲန်ယူ-အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌရဲ့ မိန့်ခွန်းနဲ့ ပေးပို့လာတဲ့ သဝဏ်လွှာတွေ ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ကေအဲန်ယူ-ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စဖါးလုံးဟိန်းနဲ့ Australian Karen Organization (AKO) ဥက္ကဋ္ဌ စောလွင်ဦးတို့ တက်ရောက်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွေနဲ့ အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားမှည ကရင်အမျိုးသားရိုးရာဒုံးအကတွေနဲ့ ကပြဖျော်ဖြေခြင်းတွေ အားကစားပွဲကျင်းပခြင်းတွေ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို ခေါင်းဆောင်ကြီးတွေနဲ့ ဧည့်သည်တော်တွေ စုစုပေါင်း လူဦးရေ (၁၅၀) ကျော် တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဒေသခံတွေက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ လာရောက်အပ်နှံ…

တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာတွေအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို တာဝန်သိ ပြည်သူတွေက ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဆီ လာရောက်အပ်နှံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တိုင်းပြည် ဆင်းရဲတွင်းနက်နေချိန် နေပြည်တော် ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံသုံးပြီး ပြုပြင်မယ့် စစ်ကောင်စီ 

တိုင်းပြည်ဆင်းရဲနေချိန်မှာ လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးတဲ့ နေပြည်တော်က ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံ ကျော်အသုံးပြုကာ အသစ်ပြင်ဆင်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မောတောင် မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း BPLA ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်ပါတယ်။
Read More

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်များမှ TNLA ပြန်လည်ဆုတ်ခွာရေး သဘောတူညီမှုမရခဲ့ဘဲ ကူမင်းတွေ့ဆုံပွဲ ပြီးဆုံး

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တရုတ်အစိုးရ ကြားဝင်စီစဉ်မှုနဲ့ ပြုလုပ်တဲ့ ကူမင်းတွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသည့် စစ်ကောင်စီယာဥ်တန်း လမ်းတလျှောက် ကျေးရွာများကို ခိုးယူလုယက်ကာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲ၏ တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲရဲ့ တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။