မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာကနေ အင်အားအလုံးအရင်းနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တောလမ်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ပျူစောထီး ၂ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ လယ်သစ်ရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Freedom Fighter Guerrilla Force ၊ LACR ၊8 Stars နဲ့ တော်လှန်ရေးမဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အိန္ဒိယနိုင်ငံ ကျေးရွာတစ်ရွာမှာ ရုတ်တရက် တောင်ကျရေလွှမ်းပြီး လူ ၄ ဦး သေဆုံးကာ အများအပြား ပျောက်ဆုံးနေ (ရုပ်/သံ)

အိန္ဒိယနိုင်ငံ Uttarkashi မြို့ရဲ့ Dharali ကျေးရွာမှာ သြဂုတ် ၅ ရက်က တောင်ကျရေ ရုတ်တရက် စီးဆင်းလာပြီး ရေလွှမ်းသွားခဲ့ရာ လူ ၄ ယောက်သေဆုံးကာ အများအပြားပျောက်ဆုံးလျက်ရှိတယ်လို့ အိန္ဒိယသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းတွင် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရန် ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းမှာ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ ရဲဘော်အသစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားသည့် ရွှေဝါရောင်ဆရာတော် ဦးဇင်းနတ်ဇော ပြန်လည်လွတ်မြောက်လာ (ရုပ်/သံ)

စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားတဲ့ ဆရာတော်အရှင်ပညာဇေတ (ဦးဇင်နတ်ဇော) ဟာ အောက်တိုဘာ ၃၁ ရက်မှာ Buffalo မြို့ မေတ္တာပါရမီကျောင်းသို့ ရောက်ရှိလာတော့မှာဖြစ်ကြောင်း ကဗျာဆရာအောင်ဝေးက လူမှုကွန်ရက်မှ အသိပေးထားပါတယ်။
Read More

ချောင်းဦး-မြင်းမူ လမ်းမကြီးမှာ စစ်ယာဉ်တန်းနဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ ဗုံးကြဲ၊ ၉ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူကားလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက်က မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၉ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ထံက သိရပါတယ်။
Read More

စစ်ကော်မရှင်တပ် ဝင်ဖမ်းမည့်သတင်းကြောင့် KK Park ရှိ ကျားဖြန့် အများအပြား ထွက်ပြေးတိမ်းရှောင် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အတွင်းရှိ ကျားဖြန့်တွေကို ဖမ်းဆီးဖို့ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာတာကြောင့် ကျားဖြန့်အလုပ်ဆိုက်ထဲက နိုင်ငံခြားသားတွေအပါအဝင် လူအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။