စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း – People’s Defence Force – South Monywa က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းမှာ မုံရွာမြို့ထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာကား ၆ စီးပါယာဥ်တန်းက ၄ စီးမြောက်လိုက်ပါလာတဲ့ ကားကို မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားကြား အသင့်ပြင်ထားတဲ့ ပဒေသာမိုင်း ၄ လုံး၂ ပွိုင့်နဲ့ မိမိရရ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် သံပြားကာ ကား ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီကားတန်းတွေကို ဝေးဝေးက ရှောင်ရှားကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေနဲ့ ကြုံကြိုက်ရင် ရောက်တဲ့နေရာက ရပ်တန့်ပေးဖို့ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ခြုံကြီးရွာကို စစ်အုပ်စုက ပုံမှားရိုက်စီးနင်းပြီး နိုင်ကျဥ်းတော်လှန်ရေးသမား ၁ ယောက် အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်​အုပ်စုက ခြုံကြီးရွာကို အလစ်အငိုက်ဝင်ရောက်စီးနင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ယောက်နဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ကာ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

စစ်ံကောင်စီက ဖမ်းမိပြီဆိုသည့် KBZ ဘဏ်ဓားပြ လူပုံစံ မတူတာကြောင့် ဝေဖန်မှုများ မြင့်တက်နေ…

မန္တလေးတိုင်း၊ မန္တလေးမြို့က BKZ ဘဏ်ဓားမြတိုက်မှုမှာ တရားခံဖြစ်သူကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက် ဒီနေ့မှာ ဖမ်းဆီးရမိပြီလို့ ကြေညာခဲ့ပေမယ့် တရားခံရဲ့ လူပုံစံကွဲလွဲနေမှုကြောင့် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ အခြေခံစစ်သင်တန်းတက်ရောက်ရန် သင်တန်းသားသစ်များ ခေါ်ယူနေ

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မယ့် အခြေခံ စစ်ပညာသင်တန်း (အပတ်စဉ်-၂/၂၀၂၅) အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်… မိုးကုတ်နှင့် သပိတ်ကျင်းအစပ်မှာလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။