ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက PNLO/PNLA ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် ဌာနချုပ်အတွင်းရှိ အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

PNLO/PNLA အနေနဲ့ ထိန်းချုပ်နယ်မြေအတွင်း အခြေပြုနေထိုင်နေတာကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက အကြောင်းမဲ့ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်။ အရပ်သား ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရ မန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအလွန်ဆိုးရွားနေချိန်ရောက်မှ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေး…

NLD အစိုးရ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ဆေးဝါးကုသနေရချိန် အကြမ်းဖက်စစ်ကောင်စီက အခုရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းမှ စစ်မှုထမ်းတပ်သား ၅ ဦး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၅ ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိတယ်လို့ ယင်းမာပင် ခရိုင် တပ်ရင်း (၃၅)တပ်ခွဲ (၂) GZ-21 PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖျာပုံမြို့ပေါ် နေရာတချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး လစဉ်ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကလစဉ် ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဖျာပုံမြို့ နေထိုင်သူတွေဆီက သိရပါတယ်။