တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသ၊ နဂါးဖြူစစ်ကြောင်းက ရဲဘော် အောင်ဇင်ဟိန်း (ခ) အောင်ပု ဆိုသူဟာ တော်လှန်ရေးကို သစ္စာဖောက်ကာ စစ်ကောင်စီလက်အောက်ခံ ပေါက်ကိုယ်တော် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ထံ ရောက်ရှိသွားတယ်လို့ သိရပါတယ်။ 

အဲ့လို ပျူစောထီးအဖွဲ့ထံ ရောက်ရှိသွားပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ လှုပ်ရှားမှုတွေ ပြုလုပ်နေသေးတယ်လို့ နဂါးဖြူစစ်ကြောင်းထံက သိရပါတယ်။

“အောင်ဇင်ဟိန်း (ခ) အောင်ပုက အရင်က နဂါးဖြုစစ်ကြောင်းမှာ နေထိုင်သွားတာပါ၊ တော်လှန်ရေးအပေါ် သစ္စာဖောက်၊ စကစနဲ့ ပူးပေါင်းသွားပြီး တပ်ဖွဲ့ဝင်များနဲ့ မိတ်ဆွေများကို ဆက်သွယ်နေပါတယ်။ အောင်ဇင်ဟိန်း (ခ) အောင်ပုက အရင်အကောင့်ကို Ku Po အကောင့်အမည် ပြောင်းထားတာကြောင့် ထိုအကောင့်နဲ့ ဆက်သွယ်လာရင် ဆက်သွယ်မှု မပြုလုပ်ကြဖို့ အထူးသတိပေးအပ်ပါတယ်” လို့ နဂါးဖြူစစ်ကြောင်းမှူး PSO ရဲဘော် နိုင်လေးက မောင်းကိုပြောပါတယ်။

အောင်ဇင်ဟိန်း (ခ) အောင်ပု နဂါးဖြူစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်

ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖကိစစ်ကောင်စီတပ်နဲ့ နဂါးဖြူစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့စဉ်က အောင်ဇင်ဟိန်း (ခ) အောင်ပုဟာ ပြည်သူတွေ အိမ်ထဲကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ မိသားစုဝင်တွေဆီ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒါကြောင့် နဂါးဖြူစစ်ကြောင်းက သူ့ကို စစ်ဆေးမေးမြန်းပြီး အချုပ်ချထားစဉ် စစ်ဆင်ရေး အရေးပေါ်ဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်သွားပြီး ပေါက်ကိုယ်တော်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ထံ ရောက်ရှိသွားကြောင်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်က ရဲဘော် ဘိုကလေး အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ…

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင်က ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ရဲဘော် ဘိုကလေးအတွက် မိခင်တပ်ဖွဲ့က ဝမ်းနည်းကြောင်း မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

၁၈ မိုင် စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက ကြိုဆို (ဓာတ်ပုံသတင်း)

စလင်းမြို့က ၁၈ မိုင် စစ်ကောင်စီစခန်းကုန်း သိမ်းပိုက်နိုင်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ ပခုက္ကူခရိုင် အ မှတ်(၁၅)တပ်ရင်းက ဒီနေ့ ဧပြီလ ၁၄ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကယန်းလူထု အခြေပြု ကယန်းအမျိုးသားတပ်မတော် စတင်ဖွဲ့စည်း

ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

လက်ရှိအခြေအနေနှင့် အချိန်အခါအရ ရွေးကောက်ပွဲ ဖြစ်လာလျှင် စစ်မှန်သည့် ရွေးကောက်ပွဲ လုံးဝမဟုတ်ကြောင်း ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ပြောကြား

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
Read More

တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟု ဆို

နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။ 
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။