စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ခိုင်မာ အားကောင်းနေဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

NUG ယာယီသမ္မတက မနေ့က ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြုလုပ်တဲ့ ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

NUG အစိုးရအနေနဲ့ ချင်းအမျိုးသားတွေ ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဉ်မှာ ဝိုင်းဝန်းအားဖြည့်ကူညီဖို့ အမြဲအသင့်ရှိနေတယ်လို့လည်း ယာယီသမ္မတက ဆိုပါတယ်။ 

ချင်းအမျိုးသားများ ပေါင်းစည်းညီညွတ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ လူပုဂ္ဂိုလ်တွေ၊  အဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီး အမြန်ဆုံးညီညွတ်ရေးကို လုပ်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုတယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ မင်းတပ် CDF ဟာ တူမီးကိုင်လူငယ်တွေနဲ့ ယာဥ်တန်း ၆ စီးပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ပထမဦးဆုံး နှိမ်နင်းတိုက်ခိုက်ခဲ့ပြီး ဒီနေ့ အခြေအနေရောက်လာအောင် နွေဦးတော်လှန်ရေးကို နှိုးဆော်ပေးခဲ့တဲ့ တော်လှန်ရေးအဖွဲ့ဖြစ်တယ်လို့ ယာယီသမ္မတက ပြောဆိုပါတယ်။ 

(ဓာတ်ပုံ Acting President Duwa Lashi La’s Facebook)

“ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေး အောင်မြင်နိုင်ဖို့နဲ့ ချင်းပြည်နယ်အတွင်း စစ်အာဏာရှင် စစ်တပ်များ ကင်းစင်စေရေးအတွက် ချင်းလူမျိုးများ အချင်းချင်းအကြားသော်လည်းကောင်း၊ ချင်းလူမျိုးများနှင့် နီးစပ်သော အိမ်နီးချင်းလူမျိုးများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စု တိုင်းရင်းသားအားလုံးအကြား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အတူတကွ တည်ဆောက်နိုင်ဖို့ တိုက်တွန်းအပ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

တူမီးသေနတ်နဲ့ စတင်ခဲ့တဲ့ ချင်းပြည်တော်လှန်ရေးဟာ ဒီနေ့မှာ လက်နက်အင်အားပြည့်စုံပြီး ခိုင်မာတောင့်တင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေဟာ  တစ်နှစ်တာကာလအတွင်း မြို့သိမ်း၊ စခန်းသိမ်းတွေ အပါအဝင် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ကို ချင်းပြည်နယ်တင်မက မကွေး၊ စစ်ကိုင်းနဲ့ ယောနယ်တွေမှာပါ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ တစ်နှစ်ပြည့်ခမ်းအနားမှာ ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး ၁ နှစ်အတွင်း တိုက်ပွဲတွေမှာ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့တွေကို သိမ်းပိုက်ခဲ့ပြီး လေယာဉ်ပစ်စက်သေနတ်အပါအဝင် လက်နက်ကြီးငယ် ၁၀၀၀ ခန့် ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်း ၆၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့တယ် လို့သိရပါတယ်။

ချင်းပြည်နယ်မှာ ချင်းညီနောင်ဟာ တစ်ဖက်က တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ချင်းပြည်ကောင်စီနဲ့ ပြန်လည်သင့်မြတ်မှုတွေရရှိနေကာ နှစ်ဦးနှစ်ဖက် မိတ်ဖက်အဖြစ် ညှိုနှိုင်းမှုတွေ ရရှိထားပြီလို့ မနေ့က ချင်းညီနောင်ရဲ့ တစ်နှစ်ပြည့် အခမ်းအနားမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

သမိုင်း၀င် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦးက လေလံတန်ဖိုး ထပ်မံလျှော့ချပြီး လေလံပစ်ဖို့ တရားရုံးကို တောင်းဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ သမိုင်း၀င် နေအိမ်ကို လေလံတန်ဖိုး ၁၀ ဘီလီယံလျှော့ချပြီး လေလံပစ်ဖို့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားရုံးကို လျှောက်ထားတင်သွင်းလိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေက လူနေကျေးရွာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခလရ (၆၁) က နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေကို လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ကျေးရွာတစ်ရွာရဲ့ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်၊ ၃ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကယန်းအမျိုးသားတပ်မတော်(KNA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးကာ သေနတ် ၂လက်နဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအတု နောက်ဆုံးအပိုင်းတွင် စစ်တပ်နှင့် ပြည်သူ့စစ် အပါအဝင် အဖွဲ့စုံစောင့်ကြပ်မည်ဟု ဆို

အာဏာသိမ်းစစ်တပ်က လုံခြုံရေးအခြေအနေကြောင့် အပိုင်းလိုက်ကျင်းပနေရတဲ့ အတုအယောင် ရွေးကောက်ပွဲရဲ့ နောက်ဆုံးအကြိမ်မှာ ပြည်သူတွေအနေနဲ့ စိတ်အေးချမ်းစွာ မဲပေးနိုင်ဖို့ စစ်တပ်၊ ပြည်သူ့စစ်အပါအဝင် အဖွဲ့အစည်းအစုံက စောင့်ကြည့်လိမ့်မယ်လို့ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီးက ဆိုလိုက်ပါတယ်။
Read More

ရေဘေးကူညီဖို့ လေလံတင် ရောင်းချတဲ့ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ကျပ်သိန်း ၅၀၀ နဲ့ ဝယ်ယူ

မြန်မာပြည်တွင်းက ရေဘေးသင့် ဒေသတွေကို လှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းဟာ သူ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ပါတယ်။
Read More

ကရင်နီဒေသ အငတ်ဘေးကြုံအောင် အကြမ်းဖက်စစ်တပ် ရည်ရွည်လုပ်ဆောင်နေ

အကြမ်းဖက်စစ်တပ်ဟာ ကရင်နီဒေသကို အငတ်ဘေးကြုံလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်နေကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်လိုက်ပါတယ်။