စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။

ညမထွက်ရအမိန့်ကို ဒီဇင်ဘာ (၃၁) ရက် ညပိုင်းကနေ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်အထိ ပယ်ဖျက်ပေးထားတယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ (၃၁) ရက်မှာ ကျရောက်မယ့် နှစ်သစ်ကူးညတစ်ညတာကို ညမထွက်ရအမိန့် ပယ်ဖျက်လိုက်ပေမယ့် အများပြည်သူတွေအနေနဲ့ မိမိအိမ်မှာ သာ နေထိုင်သင့်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ စစ်ကောင်စီက လူငယ်လူရွယ်တွေကို ပစ်မှတ်ထား စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ မြင့်တက်လျက်ရှိနေပါတယ်။

နေ့စဉ် လူငယ်တချို့ ပျောက်ဆုံးနေပြီး မိသားစုနဲ့ အဆက်အသွယ်မရတဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။

ဒီနေ့ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာလည်း လူငယ်လူရွယ်တွေကို ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ ရှိနိုင်တာကြောင့် အထူးသတိထားနေထိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

စစ်ကောင်စီက ရန်ကုန်မှာ နှစ်သစ်ကူးညကို ပြည်သူ့ရင်ပြင်မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပဖို့ စီစဉ်ထားပြီး ပြည်သူတွေအနေနဲ့ သွားရောက်ဖို့ မသင့်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က နှစ်စဉ် သတိပေးပြောကြားလေ့ရှိပါတယ်။

တစ်နိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီဟာ စစ်သားအင်အားလိုအပ်ချက်ကြီးမားနေပြီး  ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်(၆)ဟာ သတ်မှတ်ကာလမတိုင်ခင် သင်တန်းဆင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်ခံခဲ့ရတာပါ။

လတ်တလောမှာလည်း ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်း အပတ်စဉ် (၈)အတွက်  တပ်သားစုဆောင်းဖို့ လူလိုနေလို့ အကြမ်းဖက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

0 Shares:
You May Also Like
Read More

တီးတိန်မြို့ ခလရ ၂၆၈ က စစ်ကောင်စီတပ်သား လက်နက်နဲ့အတူ အလင်း၀င်ရောက်လာ

ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက တပ်သား ၁ ယောက်ဟာ လက်နက်တွေ ယူဆောင်လာပြီး အလင်းဝင်လာလို့ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အမ်းကနေ ကစဉ့်ကလျား ထွက်ပြေးလာကြတဲ့ စစ်သားတွေ ငဖဲမှာ ပိတ်ဆို့ဖမ်းဆီးခံရ၊ ပစ်ခတ်မှုတွေဖြစ်ပြီး ၅ ယောက် သေ

ရခိုင်ပြည်နယ် အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ၂ရက်ဆက် ပိတ်ဆို့ဖမ်းဆီးမှုမှာ ၅ယောက်သေဆုံးပြီး ၁၂ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Chin Defence Force (Asho) တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ပခုက္ကူမြို့ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦးနှင့် ပျူ ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဝန်းသို နမ်းခမ်းရွာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃၀ ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

မြဝတီ ကျောက်ခက်ရွာ ဆေးရုံဟောင်းကို စစ်တပ် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းက ဆေးရုံဟောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။