မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်ပြည်သူ့စစ်တွေ နေထိုင်တဲ့ ညောင်ဦး-မြင်းခြံလမ်းပေါ်က ဆင်ဖြူ ကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၃၀ရက် မနက်အာရုဏ်တက်ချိန်က အကြမ်းဖက်ပြည်သူ့စစ်ခေါင်းဆောင် ဝင်းကိုနဲ့ တပည့်တွေ နေထိုင်တဲ့ ဆင်ဖြူရွာကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာ ပြည်သူ့စစ်တွေ ပြန်ပြီးတိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးကုန်ကြတယ်လို့ သိရပါတယ်။ 

အဲ့ဒီနောက် ပြည်သူ့စစ်တွေ ကိုင်ဆောင်တဲ့ တူမီး ၁လက်၊ ပြောင်းချောသေနတ် ၂လက် ၊ ၂၂သေနတ် ၁လက် ၊ ပါရီသေနတ် ၁လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကိုဇီးကပြောပါတယ်။

ဆင်ဖြူရွာမှ သိမ်းဆည်းရမိသည့် ပြည်သူ့စစ်များ၏ လက်နက်နှင့်ဆက်စပ်ပစ္စည်းများ

“ကျနော်တို့ ဝင်တိုက်တဲ့အချိန် ဒီကောင်တွေ ထွက်ပြေးကုန်တာပါ။ ဒီရွာက ပြည်သူ့စစ်ရွာရယ်လို့တော့ မဟုတ်ပါဘူး။ ဝင်းကိုနဲ့ အပေါင်းအပါတွေပါ ၈ယောက်ပဲရှိတာ။ အဲ့ဒါ စကစ က ကျေးရွာကာကွယ်ရေးအတွက် ဆိုပြီး နာမည်ခံရင်း အုပ်စုဖွဲ့ပေးထားတာပေါ့။ ရွာကို လက်နက်ပြ ဗိုလ်ကျနေတဲ့ အဖွဲ့ပါ။ စခတွေလည်း မကြာခဏလာတယ်။”  လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကိုပြောပါတယ်။

ဒီစီးနင်းတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ်ပကဖ(ပုဂံပြည်ဘီလူးတပ်)နဲ့အတူ တောင်သာမြို့နယ် ပကဖ ၊ ညောင်ဦးခရိုင် တပ်ရင်း၅ ၊ BGF ( Burmese Gurellia Force) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းရှိ ကျေးရွာများအား မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး လက်နက်များနှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဘိုကလေးမြို့နယ်က အုပ်ချုပ်ရေးမှူးတချို့ စစ်မှုထမ်းဥပဒေအကြောင်းပြကာ အမျိုးသားတစ်ယောက်ကို ၃၉၀၀၀ ကျပ်နှုန်းနဲ့ ငွေတောင်းယူနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကာကုန်း၊ ဘိုးကုန်း စတဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာနေပြည်သူတွေဆီက စစ်မှုထမ်းဥပဒေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေအတွက်ဆိုပြီး ငွေကြေးကောက်ခံမှုတွေလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အိမ်ထောင်စုအလိုက် လူအရေအတွက်နဲ့ ကောက်ခံနေကြတာဖြစ်ပြီး အိမ်ထောင်စုတစ်စုမှာ လူတစ်ယောက်ကို ၃၉၀၀၀ ကျပ် အတင်းအဓမ္မကောက်ခံနေကြောင်း သိရပါတယ်။
Read More

ကျောက်ဖြူနှင့် စစ်တွေတွင် အရပ်သား နေအိမ်များကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲမှု အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အသံတိတ်သပိတ်တွင် ပြည်မြို့ခံများ ဓာတ်ပုံကမ်းပိန်းဖြင့် ပူးပေါင်းပါဝင် (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အသံတိတ်သပိတ်နဲ့အတူ မြို့ခံတွေက ဓာတ်ပုံကမ်ပိန်းအနေနဲ့လည်း ပါဝင်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ် လုပ်ဆောင်နေကြတာဖြစ်ပြီး ဒီလိုသပိတ်မှာ ပူးပေါင်းပါဝင်တဲ့ ဈေးဆိုင်တွေကို ထိရောက်စွာ အရေးယူမယ့်အကြောင်း မြို့အာဏာပိုင်တွေက စာတွေပို့ထားတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ စစ်သင်္ဘောများ ဗန်းမော်မြို့ကို ရောက်ရှိ

“မနေ့ညပိုင်းမှာ သင်္ဘောတချို့ ဗန်းမော်မြို့ကို ရောက်လာပြီ။ သင်္ဘောတွေ မြလည်နား ရောက်တော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က တစီးထိသွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်းတော်မှာတိုက်ပွဲပြန်ဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေ

အင်းတော်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ခုကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။