ထိုင်းဘဏ်တချို့ဟာ စစ်ကောင်စီလက်နက်ရရှိရေးအတွက် ငွေကြေးလွှဲပြောင်းမှု အကူအညီတွေ ပေးနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစီရင်ခံစာကို အထောက်အပံ့ဖြစ်စေမယ့် အထောက်အထား တစုံတရာ မတွေ့ရှိသေးကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အေဂျင်စီတို့က ဒီဇင်ဘာ ၃၀ ရက် တနင်္လာနေ့မှာ ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ ဇွန်လက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဟာ မြန်မာ(စစ်ကောင်စီ) ရဲ့ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေအတွက် ရန်ပုံငွေတွေကို ထိုင်းဘဏ်တွေကတဆင့် လွှဲပြောင်းပေးခဲ့ကြောင်း၊ ထိုင်းဘဏ်တွေကတဆင့် ၂၀၂၂ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၆၀ လွှဲပြောင်းခဲ့ပြီး ၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ သန်း ၁၂၀ လွှဲပြောင်းခဲ့ကြောင်း သိရပါတယ်။

မြန်မာစစ်တပ် လက်နက်ဝယ်ယူမှုအတွက် အသုံးပြုနိုင်တဲ့ ငွေကြေးလွှဲပြောင်းမှုအားလုံးကို စုံစမ်းစစ်ဆေးနိုင်စွမ်း မရှိဘူးလို့ ထိုင်းဘဏ်တွေက တုံ့ပြန်ခဲ့ပြီးနောက် ဇူလိုင်လမှာတော့ ထိုင်းအစိုးရက ယခင်ငွေပေးငွေယူမှုတွေနဲ့ စုံစမ်းစစ်ဆေးနိုင်စွမ်းတွေကို ပြန်လည်သုံးသပ်ဖို့ လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။

(ဓာတ်ပုံ Reuters)

“ငွေကြေးအဖွဲ့အစည်းတချို့ဟာ OHCHR အစီရင်ခံစာမှာ ဖော်ပြထားတဲ့သူတွေနဲ့ ငွေပေးချေမှုတွေ ပြုလုပ်ခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့ပေမယ့် အဲဒီလွှဲပြောင်းမှုတွေဟာ လက်နက်ဝယ်ယူမှုနဲ့ ဆက်စပ်နေတဲ့ အထောက်အထား မတွေ့ရှိရကြောင်း” ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းဘဏ်တွေဟာ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအတွင်း တင်းကျပ်မှု အဆင့်တွေ မတူညီကြကြောင်း သုံးသပ်တွေ့ရှိရတယ်လို့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှု တန်ပြန်မှုဆိုင်ရာ ကျင့်ထုံးတွေ မြှင့်တင်ဖို့ လိုအပ်ကြောင်း မီးမောင်းထိုးပြထားပါတယ်။

“ဒါကြောင့်ပဲ တရားမဝင် ငွေကြေးထောက်ပံ့မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လမ်းကြောင်းတွေအဖြစ် ငွေကြေးအဖွဲ့အစည်းတွေကို အသုံးပြုနေတဲ့ အန္တရာယ်တွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေမှာဖြစ်ပြီး ပုံစံအသစ်တွေအဖြစ် ပေါ်ထွက်လာနိုင်တယ်” လို့ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတွေက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း – Thailand says no evidence of bank deals linked to Myanmar arms 

0 Shares:
You May Also Like
Read More

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကင်း မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးနှင့် ဒုတပ်ကြပ် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်က ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့နယ်က ရေးဘေးသင့် ကျေးရွာတစ်ခုကို တော်လှန်ရေးအဖွဲ့တွေက ထောက်ပံ့ငွေ ၁၈၄ သိန်းပေးအပ်

မကွေးတိုင်း၊ ဆောမြို့နယ် အမှတ် (၁) စစ်ဒေသထဲက စိုးမိုးနယ်မြေတစ်ခုမှာ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတစ်ရွာကို ငွေကျပ် ၁၈၄ သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း The Youth Force-Saw & Kyaukthu ကထုတ်ပြန်ပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်း တွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆) လောင်းတွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ ပြုလုပ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာမှာ နိုဝင်ဘာ (၉)ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်တွင် စစ်အုပ်စု စက်တပ်လေထီးများဖြင့် ဆက်တိုက်ဗုံးကြဲနေပြီး တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်​ကျေးရွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီး ဆုတ်ခွာသွားရတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲငယ်တွေဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။