စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အထွက်၊ မုံရွာ-မန္တလေးလမ်းမကြီးနဲ့ ချောင်းဦး-ပခုက္ကူလမ်းမကြီး လမ်းဆုံမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chaung U People’s Defence Force အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို  ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ (၄) ၊ special force 11 LPDF ၊ GTR MMU နဲ့  special ဒိတ်ဒိတ်ကြဲ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ ပျူခေါင်းဆောင်ရဲ့ တူမ မင်္ဂလာဆောင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်မှာ အောက်တိုဘာ ၂၂ ရက်က ဆား‌တောင်မြို့ရဲစခန်းက ရဲတပ်သားနဲ့ ညောင်ငုတ်တိုပျူစခန်းက ပျူခေါင်းဆောင်ရဲ့ တူမ  မင်္ဂလာပွဲကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်မြို့ အထကကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ အထကကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချင်းညီနောင် (CB) တပ်ဖွဲ့ဝင်များ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ကနေဒီတောင်စခန်း မြင်ကွင်းရုပ်သံ

ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ကနေဒီတောင်စခန်းကို ချင်းညီနောင်တပ်ဖွဲ့တွေက ဇန်နဝါရီ ၄ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ဗိုလ်မှူး ၁ ယောက်အပါအဝင် ၂၀ ကျော်ကို ဖမ်းဆီးမိခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်တွင် ထိုင်းစစ်သား ၁ ဦး အနီးကပ်ပစ်ခတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်မှာ ထိုင်းစစ်သားကို ဆိုင်ကယ် စီးနင်းလာတဲ့ သူက သေနတ်နဲ့ အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
Read More

လယ်ထွန်ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ပျူစောထီး ၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ငွေတွင်းပျူစခန်းကနေ လယ်ထွန်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးခဲ့တယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပျော်ဘွယ်မြို့နယ် ကျောက်ဖျာရွာသစ်ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ဖျာရွာသစ်ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ စစ် ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက်သေဆုံးခဲ့တယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က သတင်းထုတ်ပြန်ထားပါတယ်။