စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်းတွေက  အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေကိုသာ လုပ်ဆောင်တဲ့ အဖွဲ့အစည်းအဖြစ် ရှုတ်ချကြောင်း ကြေညာချက်တွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

မဘသ ဘုန်းကြီးတွေ အများဆုံးပါဝင်တဲ့ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ မင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ ဗုဒ္ဓဘာသာကလျာဏယု၀(YMBA) အသင်းနဲ့  ရုပ်ရှင်နှင့်ဂီတအစည်းအရုံး အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘာသာရေးအဖွဲ့တချို့က AA ကို ပုံဖျက်ကာ ဝါဒဖြန့်လှုံ့ဆော် ကြေညာချက်တွေ အသီးသီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ကြေညာချက်တွေထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံတာဟာ ရခိုင်လူထုကို ငဲ့ညှာကာ အလံဖြူထောင်ခြင်း ဖြစ်တယ်လို့ လိမ်ညာသုံးနှုန်းထားပြီး AA က စစ်သုံ့ပန်းတွေကို မြေကျင်းထဲထည့်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့လည်း မှားယွင်းတဲ့ ဝါဒဖြန့် စွပ်စွဲမှုတွေနဲ့ ထုတ်ပြန်လာတာပါ။

စစ်ကောင်စီဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းပါ ထုတ်ပြန်ချက်များ
စစ်ကောင်စီဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းပါ ထုတ်ပြန်ချက်များ

AA ကို အကြမ်းဖက်အဖြစ် ပုံဖော်ပြောကြားထားပြီး ရခိုင်ပြည်နယ်ကို ဖျက်ဆီးနေတာဟာ AA ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေထဲမှာ ရေးသားထားပါတယ်။

ထုတ်ပြန်ချက်တွေအတွင်း AA ဟာ ရခိုင်တိုက်ပွဲတွေထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေအပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၄ မြို့နယ်မြောက်အဖြစ် ဂွမြို့ကို အာရက္ခတပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်အပြီး စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်းတွေဘက်က ဝါဒဖြန့် သတင်းစာတွေမှာ ချိန်သားကိုက် ဖော်ပြရေးသားထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။

အခုလို မှားယွင်းတဲ့ သတင်းအချက်အလက်တွေနဲ့ ဝါဒဖြန့်ပြောကြားမှုတွေအပေါ် အာရက္ခတပ်တော် AA ဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတုန်းကလည်း ရှမ်းမြောက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ညီနောင်သုံးဖွဲ့ထံ မြို့တွေကို လက်လွှတ်ရချိန် နေပြည်တော်နဲ့ ရန်ကုန်မှာ စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်းတွေက ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့တွေဖြစ်ကြောင်း စစ်ကောင်စီ အလိုကျ ဆန္ဒထုတ်ပြမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျောင်းသားလက်ရုံးတပ်တော် (၄)နှစ်ပြည့်အခမ်းအနားနှင့် လက်နက်တပ်ဆင်ခြင်း (ဓာတ်ပုံသတင်း)

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) ရဲ့(၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လက်နက်တပ်ဆင်ခြင်းကို တပ်တော်ရဲ့ ဗဟိုဌာနချုပ်နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီက အရပ်သားတွေကို တပ်သားအဖြစ်ရော ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး ခုခံစစ်အတွက် စစ်အင်အားဖြည့်တင်းနေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းပေါ်တာဆွဲမှုအပြင် ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး စစ်အင်အားအသည်အသန် ဖြည့်တင်းနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသည့် စစ်သားများကို တိုက်ခိုက်၊ ၄ ဦး သေပြီး ၁ ဦး ထွက်ပြေးသွား

စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ရာ နေရာတင် စစ်သား ၄ယောက်သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့မဟာဗန္ဓုလတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ရေထဲခုန်ချ

ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်ကနေ နိုဝင်ဘာလ ၂၁ ရက် ညနေပိုင်းမှာ အမျိုးသမီးတစ်ဦး ရေထဲခုန်ချပြီး ကိုယ်ကိုယ်ကို သတ်သေမှု ဖြစ်ပွားကာ သေဆုံးခဲ့ရတယ်လို့ Yangon Rescue Organization အဖွဲ့ ဆီကသိရပါတယ်။ သေဆုံးသွားသူ အမျိုးသမီးရဲ့အမည်၊ အသက်နဲ့ နေရပ်လိပ်စာကို မသိရသေးဘဲ လက်ရှိမှာရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ အဆိုပါအဖွဲ့ဆီက သိရပါတယ်။
Read More

ရခိုင်ပြည်နယ် မောင်တောမှာ စစ်ရှောင်တွေနေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြားသားကျေးရွာက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။