စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အထွက်၊ မုံရွာ-မန္တလေးလမ်းမကြီးနဲ့ ချောင်းဦး-ပခုက္ကူလမ်းမကြီး လမ်းဆုံမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chaung U People’s Defence Force အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို  ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ (၄) ၊ special force 11 LPDF ၊ GTR MMU နဲ့  special ဒိတ်ဒိတ်ကြဲ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဒုတပ်ကြပ် ၁ ဦး သေဆုံး (ရုပ်/သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  ဒုတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုပကဖ ကထုတ်ပြန်ထားပါတယ်။
Read More

အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၄ ယောက်သေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း‌ဗျူဟာစခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၊ ခလရ ၂ ဗျူဟာမှူး ဦးစီးနဲ့ အင်အား ၁၅၀ ကျော်ရှိ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

တော်လှန်ကျောင်းသားလူငယ်တွေရဲ့ ”ကျောင်းသားဟစ်တိုင်သံချပ်” (ရုပ်/သံ)

ဒို့ဖက်ဒရယ် သံချပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာဝါသနာပါတဲ့ တော်လှန်ကျောင်းသား ကျောင်းသူတွေရဲ့ ''ကျောင်းသားဟစ်တိုင်သံချပ်"ကို ယခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

လယ်ထွန်ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ပျူစောထီး ၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ငွေတွင်းပျူစခန်းကနေ လယ်ထွန်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးခဲ့တယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၆ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖို့မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အာရှလမ်း စိုးမိုးနိုင်ရေး ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တတံကူးကျေးရွာအနီး တိုက်ပွဲ ဖြစ် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတံကူးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။