ရန်ကုန်မြို့မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို အင်အားသုံးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ရန်ကုန်မြို့ခံ တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးသီး ထုတ်ပြန်လာပါတယ်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းက ရက်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခြင်းနဲ့ မရမ်းကုန်းမြို့နယ် Apolo ဟိုတယ်အနီးမှာ စစ်ကောင်စီရဲ့ စရဖ ဗိုလ်ကြီး ဇေယျာမင်း ပစ်ခတ် လုပ်ကြံခံရမှုတွေကြောင့် စစ်ကောင်စီက ပြည်သူတွေကို အငြှိုးထားပြီး အင်အားသုံးဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်မြို့ကို နှစ်ကြိမ်တိုင် လာရောက်မှုတွေ ရှိခဲ့ပြီး ရေတပ်နှစ်ပတ်လည် အခမ်းအနားနဲ့ ရန်ကုန်မြို့က ခရစ္စမတ်ပွဲတော်တွေကို လာရောက်မှုတွေ ရှိခဲ့ပါတယ်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင်လည်း မင်္ဂလာဒုံက စစ်ကောင်စီတပ်ရင်း၊ တပ်မတွေဆီ သွားရောက်ခဲ့ပြီး စစ်မှုထမ်း အပတ်စဉ်(၆) သင်တန်းဆင်းတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ဒါ့ကြောင့် စစ်ခေါင်းဆောင်နှစ်ယောက် လာရောက်ချိန်မှာ ရန်ကုန်ကို စစ်တပ်က လုံခြုံရေးအထူးတိုးမြှင့်ပြီး လူငယ်လူရွယ်တွေကို ရည်ရွယ်ချက်ထား ဖမ်းဆီးမှုတွေကို အင်အားသုံးလုပ်ဆောင်ခဲ့တယ်လို့ ရန်ကုန်မြို့က စစ်ရေးသတင်းတွေကို ပုံမှန်ဖော်ပြလေ့ရှိတဲ့ Rangoon Scout Network က ဖော်ပြထားပါတယ်။

အထူးသဖြင့် Apolo ဟိုတယ်အနီးမှာ စစ်ကောင်စီရဲ့ စရဖ ဗိုလ်မှူးအဆင့်ရှိသူ ဇေယျာမင်း ပစ်ခတ်ခံရမှုကြောင့် အဆိုပါ မရမ်းကုန်း (၂) ရပ်ကွက်ကို စစ်ကောင်စီက အင်အားအလွန်အကျွံသုံးကာ  ဧည့်စာရင်းစစ်ပြီး သူတို့ မသင်္ကာတဲ့ ပြည်သူ ၅၀ ထက်မနည်းကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။

Rangoon Scout Network ရဲ့ ဖော်ပြမှုတွေအရ ရန်ကုန်မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း လူငယ်လူရွယ် ၁၀၀ ထက်မနည်း အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပြီး အများစုဟာ စစ်မှုထမ်းဖို့ မတရားစုဆောင်းခြင်းခံရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဧည့်စာရင်းအကြောင်းပြပြီး နေအိမ်တွေကို ဝင်ရောက်စစ်ဆေးမှုတွေကတဆင့် အင်းစိန်၊ လှိုင်သာယာ၊ မရမ်းကုန်းမြို့နယ်တွေမှာလည်း လူငယ်တချို့ စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်၏ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၁ ဦးသေပြီး သေနတ် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး သေနတ် ၁ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးနှင့် မုံရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီးများ ပစ်ခတ်မှု ၃ ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေး အပါအဝင် ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution News က သတင်းဖော်ပြထားပါတယ်။
Read More

စလင်းတွင် စစ်ကြောင်းထိုး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေ

" မေလ ၁၃ ရက်နေ့ကစလို့ အခုအထိ လေကြောင်း ၂ ရက်ဆက်တိုက် ပစ်ခတ်ခံရတယ်။ စလင်း-ချောက် တောင်ဘက်ခြမ်းကနေ မြောက်ဘက်ခြမ်းထိ စစ်ကြောင်းထိုးနေတာပါ။ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်။ ဒီနေ့နဲ့ဆို တိုက်ပွဲက ၁၂ ရက်ကြာ တောက်လျှောက်တိုက်ပွဲဖြစ်နေတာပါ" လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တာဝန်ရှိသူ ၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တောင်ငူ လေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတစ်လျှောက် စစ်တပ် စစ်ကြောင်းများ ထိုးနေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ လေတပ်စခန်းတိုက်ခိုက်ခံထားရတဲ့ စစ်အုပ်စုက စစ်ကြောင်းတွေ အလုံးအရင်းနဲ့ ထိုးနေပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိနေကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

အညာအခြေစိုက် တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလိုက်သည့် ထနောင်းမြေစစ်ကြောင်း

အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထနောင်းမြေစစ်ကြောင်း (Acacla Column) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

စခန်းကြီးတိုက်ပွဲမှာ စစ်ကြောင်းမှူး အလောင်းအပါအဝင် ၈လောင်း ပြန်မရကြောင်း စစ်ကောင်စီ လျှို့ဝှက်ရုံးစာကို တော်လှန်ရေးတပ်တွေ ရရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ စခန်းကြီးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကြောင်းမှူး အောင်စိုးဦး (ခေါ်) ဗိုလ်ညောင်ဦး အပါအဝင် စစ်သားနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၈ယောက်ရဲ့ အလောင်းတွေပြန်မရခဲ့ကြောင်းနဲ့ သေဆုံးဖမ်းဆီးခံရတဲ့စာရင်းတွေဖော်ပြထားတဲ့ စစ်ကောင်စီ လျှို့ဝှက်ရုံးစာကို ရရှိထားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။