မန္တလေးတိုင်းက အကြမ်းဖက်စစ်တပ်စိုးမိုးထားတဲ့ မိတ္ထီလာမြို့ပေါ်က နေအိမ်တစ်အိမ်မှာ သားအမိနှစ်ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် မနေ့က ညပိုင်းမှာ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်က သားအမိနှစ်ယောက်တည်း နေထိုင်တဲ့ နေအိမ်ကို အသက် ၂၀ အရွယ် လူငယ်အမျိုးသား ၃ ယောက် ရောက်လာပြီး လူသတ်မှုကို ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေကတော့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးနဲ့ ၁၉ နှစ်အရွယ် သမီးဖြစ်သူတို့ဖြစ်ပြီး လည်ပင်း၊ ရင်ဘတ်နဲ့ ခန္ဓာကိုယ်အနှံ့မှာ ထိုးသွင်း၊ လှီးဖြတ်ခံထားရတဲ့ ဓားဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လူသတ်မှု ကျူးလွန်သူတွေကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ပြီး ကျူးလွန်သူတွေက တောင်သာမြို့နယ်၊ ဝဲလောင်ရွာနေ ၁၉ နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ နေပြည်တော်၊ တပ်ကုန်းမြို့နေ အသက် ၂၀ နဲ့ ၂၂ နှစ်အရွယ် အမျိုးသား ၂ ယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လူသတ်မှုကျူးလွန်သူတွေကို ရပ်မိရပ်ဖတွေက သက်ဆိုင်ရာ စစ်ကောင်စီ ရဲစခန်းဆီ အပ်နှံထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကျဆုံး

မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Justice Soldier PDF အဖွဲ့က ပြုလုပ်တဲ့ စနိုက်ပါ မွမ်းမံသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Justice Soldier PDF အဖွဲ့က ရဲဘော်တွေအနေနဲ့ တိုက်ပွဲအတွင်း ပစ်မှတ်ကို ပိုမိုတိကျသေချာစေဖို့ ၊ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ စနိုက်ပါမွမ်းမံသင်တန်းကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

Special Operation Group – SOG တပ်ရင်း သင်တန်းဆင်းပွဲနှင့် SOG တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ P29916 - Special Operation Group (SOG) တပ်ရင်းက သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။
Read More

ကလေးမြို့နယ် ကြံသာကျေးရွာတိုက်ပွဲအတွင်း ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမား ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတိုက်ပွဲအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Ranger Kalay Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမှာ ပေါ်တာဆွဲခံရတဲ့ စစ်ကောင်စီတပ်သားသစ် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမှာ စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူတော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။