စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမပေါ်က မြပုလဲစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၉ ရက် မနေ့က ဒရုန်းနဲ့  M9၊ ERO၊ Drop Bombနဲ့ လက်လုပ် အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/ Commando Force အဖွဲ့ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်ကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တပ်ခွဲ (၂) 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃) တပ်ခွဲ ၂ ၊ Tiger Brothers people’s Defence Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉ တပ်ရင်း FRF 2 ၊  BLDF အညာမိုင်း Drone မဟာမိတ်များတော်လှန်ရေးညီနောင်တွေက ပူးပေါင်းပြီး ဖျာပုံမြို့ Black Dragon Force Pyapon UG ခေါင်းဆောင် ရဲဘော်စံလင်းစံ ကျဆုံးခြင်း ၁နှစ်ပြည့် သတိရအောက်မေ့ခြင်းအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်တပ်၏ အမြန်ရေယာဉ် ၂ စီးကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ အမြန်ရေယာဉ် ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငသရောက်မြို့ရဲစခန်း ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးခရိုင် ငသရောက်မြို့ ရဲစခန်းမှ ထွက်လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိအကြမ်းဖက်စစ်သားနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ManBaKhaing People Defence Force ထံက သိရပါတယ်။
Read More

မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ် အရာရှိများ စီးနင်းလာသည့် ယာဥ်တန်းနှင့် ဂိတ်စခန်းကို တိုက်ခိုက်ရာ G2 နှင့် ဗိုလ် ၂ဦး အပါအဝင် ၁၀ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ G2 အဆင့်ရှိ အရာရှိ စီးနင်းလာတဲ့ ယာဉ်တန်းနဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ G2 နဲ့ ဗိုလ် အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ညပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိတွေ စီးနင်းလာတဲ့ ယာဉ်တန်းကို မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မောင်မယ်ကျေးရွာက အကြမ်းဖက်စစ်သားတွေကို စနိုက်ပါနဲ့ ပစ်ခတ်မှု ၁ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့မှာ အင်အားဖြည့်တင်းပြီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၃ရက် မနေ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မူဆယ်မြို့ရှိ မီးရှုးမီးပန်းသိုလှောင်ရုံမီးလောင် (ရုပ်/သံ)

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ စွမ်‌စော်ရပ်ကွက်မျာ မီးရှုးမီးပန်းသိုလှောင်ရုံမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ ယနေ့ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက မူဆယ်မြို့ စွမ်စော်ရပ်ကွက် ၄ လမ်းမှာ မီးလောင်မှုဖြစ် ပွားခဲ့ပြီး အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦး စီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ၁ နာရီကြာမီးငြှိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။
Read More

ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ရှိ ဒီပဲယင်းရဲစခန်းနဲ့ ဒီပဲယင်းအထကကျောင်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၅ ရက် က တော်လှန်ရေးတပ်တွေ ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့တယ်လို့ ရေဦးပကဖ ထံက သိရပါတယ်။