မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မန္တလေး PDF ဟာ ၂၀၂၄ တစ်နှစ်တာအတွင်း စစ်ကောင်စီကို အထိနာစေတဲ့ စစ်ဆင်ရေးကြီးတွေကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနဲ့အတူ ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲပြီးဖြစ်ကြောင်း၊ သို့အတွက် လာမယ့် ၂၀၂၅ မှာ  စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်းကာ စစ်ရေးအရှိန်ကို တိုးမြှင့်ဖော်ဆောင် သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

(ဓာတ်ပုံ Voice of Mandalay – PDF)

မန္တလေး PDF ရဲ့ စစ်ကိုင်းတပ်မဟာမှာ လာရောက်ပူးပေါင်းမယ့် စစ်သည်နဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိုဆိုဖိတ်ခေါ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနဲ့လည်း စစ်ဆင်ရေးများ  ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိကြောင်း မန္တလေး PDFက ထုတ်ပြန်ထားပါတယ်။ 

မန္တလေး PDF နည်းတူ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA ) ကလည်း အညာဒေသမှာ တိုက်ပွဲတွေ ဖော်ဆောင်မယ်လို့ ပြီးခဲ့တဲ့လပိုင်းအတွင်းက ထုတ်ပြန်ထားပြီး၊ လက်ရှိမှာလည်း တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။

0 Shares:
You May Also Like
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးက “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနား ပြုလုပ် (ဓာတ်ပုံသတင်း)

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)ရှိအရာရှိ၊ အရာခံတွေနဲ့ အမျိုးသမီးတပ်ရင်းက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးတွေရဲ့ အောင်မြင်မှု၊ ခွန်အားနဲ့ ကြံကြံခိုင်နိုင်မှုတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ "အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့"အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၅၀၅ (က) လွတ်ငြိမ်းခွင့်နှင့် အမှုပိတ်သိမ်းမှုများအပေါ် စစ်ကော်မရှင်ကို စစ်လော်ဘီများ ဝေဖန်ပြစ်တင်

အတုအယောင် ရွေးကောက်ပွဲပုံရိပ်အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ တရားစွဲဆိုခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့မှုအတွက် အကြမ်းဖက်စစ်တပ်လော်ဘီတွေကြား စစ်တပ်အပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

တီးတိန်အခြေစိုက် ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဦးခေါင်းလက်နက်ကြီး ထိမှန်ကာ နောက်တစ်ဦး လည်ပင်း ကျည်ဖောက်ဝင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အညာမြေတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

အရာတော်မှာ စစ်တပ်ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်၊ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ် (၁၉)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

NUG ကာကွယ်ရေး အတွင်းဝန် ဦးနိုင်ထူးအောင်နဲ့ ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်များက အတုဖြစ်ကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ အတွင်းဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးနိုင်ထူးအောင်နဲ့ ပတ်သက်လို့ ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်စာတွေဟာ အတုသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။