ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဘောလခဲမြို့မရဲစခန်းကနေ ရဲတပ်ကြပ်ကြီးက Ak-M22 တစ်လက် ၊ Ak-M22 ကျည်ဘောက် (၃) ဘောက် ၊ ကျည်ဆံ(၇.၆၂) ၆၀တောင့်၊ ရဲတပ်ကြပ်က G3 ကျည်ဘောက် (၄) ဘောက်၊ G3ကျည်ဆံ (၇.၆၂) ၄၀၀ တောင့်နဲ့အတူ BPDF ဆီ ဒီဇင်ဘာ ၁၈ ရက်မှာ အလင်းဝင်ခိုလှုံလာတာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေတစ်ခုဆီ ပို့ဆောင်ထားပြီးဖြစ်တယ်လို့လည်း ဘောလခဲ PDF က ဆိုပါတယ်။

အခုလို အလင်းဝင်ချင်တဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ ဘောလခဲ PDF ဆီ ဆက်သွယ်စုံစမ်းနိုင်ပြီး ဘောလခဲ PDF က နွေးထွေးစွာ ကြိုဆိုလက်ခံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အစပ်က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း ကျေးရွာအချို့ စက်တပ်လေထီး ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၅ ဦး သေဆုံး

မကွေးတိုင်းအတွင်းရှိ ကျေးရွာတချို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

သာစည်ထောင်နဲ့ ရဲကင်းက စစ်အုပ်စုတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သာစည်အကျဥ်းထောင်နဲ့ ရဲကင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ကျော်သေဆုံးပြီး စစ်ကောင်စီက သတင်းဖုံးဖို့ကြိုးစားနေတယ်လို့ Snipe Rangers Force ( Local PDF ) ဦးဆောင်သူ ရဲ​ဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်တိုင်းမှာ ဖေဖော်ဝါရီလအတွင်း စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့ဟု Operation Flame ထုတ်ပြန်

ရန်ကုန်တိုင်းမှာ ဖေဖော်ဝါရီလအတွင်း စစ်ရေးလှုပ်ရှားမှု ၈ ကြိမ် လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်တာတွေ ရှိခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ ပျူခေါင်းဆောင်တစ်ဖြစ်လဲ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရချိန် သေနတ်လုလို့ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ နန်ကြူရွာ၊ အုပ်ချုပ်ရေးမှူးဆိုသူကို ဖမ်းဆီးလာရင်း သေနတ်လုဖို့ကြိုးစားတာကြော င့်နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။ အောက်တိုဘာ ၁ရက်၊ ညပိုင်းက စေတုတ္ထရာမြို့နယ်၊…
Read More

စုစည်းညီညွတ်အားဖြင့် တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

အကြမ်းဖက် စစ်အာဏာရှင်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု” ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။