တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

လက်ရှိအကြပ်အတည်းမှာ တွေ့ဆုံဆွေးနွေးရေးကသာ ပဋိပက္ခတွေကို လျှော့ချနိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ထားဆဲလို့ မင်းအောင်လှိုင်က ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာ‌ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးဟာ အခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်လို့ မင်းအောင်လှိုင်ကဆိုပါတယ်။

ကရင်ပြည်နယ် အပါအဝင် မိမိတို့နေထိုင်ရာ နေရာဒေသတွေအတွင်း တိုက်ပွဲတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေ လျော့နည်းပပျောက်လာစေဖို့ အချင်းချင်း ဝိုင်းဝန်းဆောင်ရွက်ရမယ်လို့ နိုင်ငံတစ်၀န်း စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မင်းအောင်လှိုင်က ဆိုပါတယ်။

တိုင်းရင်းသားတွေအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနဲ့ တစ်ဦးအကြား နားလည်မှုလွဲမှားခြင်းနဲ့ ပဋိပက္ခတွေကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြမယ်လို့လည်း သူက ဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် နိုင်ငံတဝန်း မြို့ပေါင်း ၉၀ ကျော်အထိလက်လွှတ်ထားရချိန်မှာ စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ်လို့ ၂၀၂၄ ခုနှစ်အတွင်း ငါးကြိမ်ထက်မနည်း ပြောကြားခဲ့တာပါ။

MNDAA ၊ TNLA နဲ့ AA တို့ကတော့ တရုတ်ရဲ့ ဖိအားပေးမှုတွေကြောင့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ရှိတယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

အခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေဘက်ကတော့  အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်တွေဆီမှာ လူကုန်ကူးခံထားရသူ ၂၆၁ ဦးကို ထိုင်းအစိုးရထံ DKBA လွှဲပြောင်း

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီမှာ လူကုန်ကူးခံရသူ ၂၆၁ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကနေ ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ 
Read More

မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေး ၂ ဦးအပါ ပြည်သူ ၇ ဦး သေဆုံး

ရှမ်းပြည်နယ်‌မြောက်ပိုင်းက မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီး ပကဖ တပ်သားသစ်များခေါ်ယူနေ

စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နွားထိုးကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီနဲ့ ကျွန်းစုအစပ် နေရာ (၃) နေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၈ ယောက်ထက်မနည်း သေပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်(၃)နေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၂) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သံတောင်ကြီးတွင် မြေပြိုမှုများကြောင့် လူ ၈ ဦး ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ ကလေးငယ်တွေ အပါအဝင် လူ ၈ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွထံက ကနဦး သိရပါတယ်။ 
Read More

သပိတ်ကျင်းမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံး

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။