၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ၊ ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC – Mindat) ၊ မရာနယ်မြေအုပ်ချုပ်ကောင်စီ (MTC) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (CDF – Kanpetlet) နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ(၁) တို့ ပူးပေါင်းပြီး ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် ရဲဘော်တွေဟာ တစ်နှစ်တာကာလအတွင်း မြို့သိမ်း၊ စခန်းသိမ်းတွေ အပါအဝင် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ကို ချင်းပြည်နယ်တင်မက မကွေး၊ စစ်ကိုင်းနဲ့ ယောနယ်တွေမှာပါ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ တစ်နှစ်ပြည့်ခမ်းအနားမှာ ထန်ချွန်းဖေက ပြောခဲ့ပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး ၁ နှစ်အတွင်း တိုက်ပွဲတွေမှာ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့တွေကို သိမ်းပိုက်ခဲ့ပြီး လေယာဉ်ပစ်စက်သေနတ်အပါအဝင် လက်နက်ကြီးငယ် ၁၀၀၀ ခန့် ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်း ၆၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

တစ်ဖက်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်တာ ကာလအတွင်း စစ်ဆင်ရေးတွေမှာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေက ရဲဘော်တွေ ၂၅၀ ခန့် ကျဆုံးခဲ့ပြီး ၄၀၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ချင်းညီနောင်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိပညာဉ် (၂) အရ ဖွဲ့စည်းထားတဲ့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှာ အပြည့်အဝပါဝင်နေတယ်လို့လည်း တစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် သူတို့စိုးမိုးထိန်းချုပ်ရာ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ကျင်ဒွေးနဲ့ မရာနယ်မြေတွေအတွင်း အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ တရားစီရင်ရေးနဲ့ အခြားပြည်သူ့ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါးလရှီးလ၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး တို့အပြင် မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေ ဂုဏ်ပြုတက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တော်လှန်ရေး မဟာမိတ် အဖွဲ့ပေါင်း ၂၀ ကျော်ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်အတွက် နိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၀၀ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေ ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင် ဝင်ပြိုင်သူများကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်မည်ဟု ဆို 

ကရင်နီပြည်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်သွားမယ်လို့ ကရင်နီပြည်လူငယ်ထုတွေက ဆိုလာပါတယ်။ 
Read More

လောင်းလုံးတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် ထွေအုပ်ဝန်ထမ်း ၁ဦးကို ပကဖ ဖမ်းဆီးထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတိပေးချက်တွေကို ဟန်ပြလက်ခံပြီး စစ်ကောင်စီအတွက် အလုပ်ဆက်လုပ်ပေးနေတဲ့ ထွေ/အုပ်ဝန်ထမ်း အောင်ဌေး ဆိုသူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်မှာ ကျန်နေသေးတဲ့ မြို့ကြီးတွေ မကျစေဖို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ မြေပြင်အထိ စည်းရုံးရေးဆင်းနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တော်လှန်ရေးအတွက် အချိန်အသင့်အခါသင့်ဖြစ်လို့ အောင်ပွဲရယူရမယ်လို့ TNLA အသိပေး

လက်ရှိအခြေအနေဟာ တော်လှန်ရေးအတွက် အောင်ပွဲရယူနိုင်ဖို့ အချိန်အခါအသင့်ဖြစ်တယ်လို့ တအာင်းတပ်မတော် - TNLA က အသိပေး ထုတ်ပြန်ပါတယ်။