ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဘောလခဲမြို့မရဲစခန်းကနေ ရဲတပ်ကြပ်ကြီးက Ak-M22 တစ်လက် ၊ Ak-M22 ကျည်ဘောက် (၃) ဘောက် ၊ ကျည်ဆံ(၇.၆၂) ၆၀တောင့်၊ ရဲတပ်ကြပ်က G3 ကျည်ဘောက် (၄) ဘောက်၊ G3ကျည်ဆံ (၇.၆၂) ၄၀၀ တောင့်နဲ့အတူ BPDF ဆီ ဒီဇင်ဘာ ၁၈ ရက်မှာ အလင်းဝင်ခိုလှုံလာတာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေတစ်ခုဆီ ပို့ဆောင်ထားပြီးဖြစ်တယ်လို့လည်း ဘောလခဲ PDF က ဆိုပါတယ်။

အခုလို အလင်းဝင်ချင်တဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ ဘောလခဲ PDF ဆီ ဆက်သွယ်စုံစမ်းနိုင်ပြီး ဘောလခဲ PDF က နွေးထွေးစွာ ကြိုဆိုလက်ခံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ် ၂ ယောက်ကို PDF အဖြစ် စွပ်စွဲဖမ်းဆီးပြီး ရက်စက်စွာ လည်လှီးသတ်ခဲ့၊ စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် တခြားအရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂ ယောက်ကို PDF အဖြစ် ဖမ်းဆီးစွပ်စွဲကာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
Read More

မိတ္ထီလာမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ပြည်သူ ၁၇ ယောက်ကို တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းသွား

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အမှတ် ၁၂ ရပ်ကွက်က အမျိုးသား ၁၇ ယောက်ကို အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သန်းရဲ့ ဦးဆောင်မှုနဲ့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ဗုံးကြဲလို့ ခရီးသည်တင်ယာဉ်တွေကို ထိမှန်၊ ဘုန်းကြီး ၁ ပါး အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ၁၀ ယောက် ထိခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းနဲ့  ဗုံးသီးချတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ ဘုန်းကြီးတစ်ပါးအပါအဝင်  အရပ်သား ၄ ယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
Read More

စစ်ကော်မရှင်ကားကို နွားထိုးကြီး PDF ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၂ ဦး ထွက်ပြေးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီး ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။