ကသုံးလုံးခရိုင် အထူးစစ်ဆင်‌ရေးမှူးရဲ့ လမ်းညွှတ်မှုနဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကို ရွတ်ရွတ် ချွန်ချွန်အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာကြတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကို သြဂုတ် ၁၅ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိ ၃ လကျော်ကြာ ၅ ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲ့ ရဲဘော် ၁ ယောက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။

အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ရဲဘော်တွေကို ယင်းမာပင်ခရိုင်အတွင်းရှိ မိဘပြည်သူတွေက သောင်းသောင်းဖြဖြအောင်သပြေများနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၅၁၁) တပ်သား- ခန့်ဝင်းနိုင်၏ ပြောကြားချက် (ရုပ်/သံ)

''ရွှေတောင်မြို့နယ် သမန်ကုန်းကျေးရွာမှာ အုပ်ကြီးကို သတ်ပြီး ရှောင်ပြေးခဲ့ပါတယ်။ သတ်ရတဲ့ အကြောင်းအရင်းက အုပ်ကြီးက တစ်အိမ်တက်ဆင်း စစ်ကောင်စီထဲမဝင်ချင်ရင် ၂ သောင်းခွဲ ၃ သောင်း လိုက်ကောက်နေတဲ့အတွက် လုံးဝအဆင်မပြေတဲ့အချိန်မှာ သူ့ကို သတ်ပစ်ခဲ့ရတာပါ"
Read More

ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၆ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖို့မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ် လယ်ဝိုင်းကြီးကျွန်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် လယ်ဝိုင်းကြီးကျွန်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702မှ မေလ ၃ ရက်ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ခေါင်းဆေးကျွန်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင် (ရုပ်/သံ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ မနက်ပိုင်းမှာ မော်လမြိုင်မြို့နယ် ခေါင်းဆေးကျွန်း ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် မီးသတ်ကား ၃ စီးနဲ့ သွားရောက်မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ မီးသတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သာစည်အကျဉ်းထောင်နှင့် ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနောက်ဘက်ရှိ သာစည်အကျဉ်းထောင်နဲ့ ရဲစခန်းကို တိုက်ခိုက်ရာ ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့တောင်ဘက်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၁ ယောက်သေကာ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းရွှေဘိုမြို့‌အဝင်တောင်ဘက်မှာစက်တင်ဘာ၃၀ရက်ညနေပိုင်းကကားလမ်းထွက်ပိတ်တဲ့အကြမ်းဖက်စစ်သားတွေနဲ့တော်လှန်ရေးတပ်တွေထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။