တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ ၊ တိုင်းစစ်ဌာနီ ဧရာဝတီ၊ အမှတ် (၂၉) ဗျူဟာ ကို ဒီဇင်ဘာလ ပထမပတ်အတွင်း ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဧရာ၀တီတိုင်းကိုယ်စားပြု စစ်ဗျူဟာတပ်ဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးလိုက်တာ ဖြစ်ပါတယ်။
ဧရာ၀တီ အမှတ် (၂၉) ဗျူဟာ ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို အခြေခံထားတဲ့ တော် လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက် ဧရာဝတီ PDF အမှတ် (၂၉)ဗျူဟာ နဲ့ ရှေ့လျှောက် တော်လှန်ရေးခရီးကြမ်းကို လက်တွဲ ချီတက်သွားဖို့ မျှော်လင့် ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူ အားကိုးရတဲ့၊ လူထုကို အလုပ်အကျွေးပြုနိုင်တဲ့ မြစ်ဝကျွန်းပေါ် စံနမူနာပြ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါစေလို့လည်း ဆန္ဒပြုကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်‌ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကို ခံယူပြီး စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာတွေ အဆင့်ဆင့်နဲ့ တိုင်းစစ်ဌာန-ဧရာဝတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
တိုင်းစစ်ဌာန(ဧရာဝတီ)ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲတွေ ရယူနိုင်ဖို့ မဟာမိတ် EROs တွေနဲ့ လက်တွဲပူးပေါင်းပြီး ကြိုးစားတည်ဆောက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ကျီကုန်းရွာ အရှေ့ခြမ်းနှင့်အနောက်ခြမ်းကို စစ်တပ်ဝင်ရောက်ပြီး ရွာခံအမျိုးသား ၁ဦးကို သတ်ကာ နေအိမ် ၁၀ လုံးကျော် မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းအရှေ့ရွာမှာ စစ်အုပ်စုက ရွာခံအမျိုးသား ၁ယောက်ကို သတ်ကာ နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုဟာ ကျီကုန်းအရှေ့ရွာထဲကို အင်အား ၇၀ ကျော်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ရွာခံအမျိုးသား ၄၄နှစ်အရွယ် ကိုမင်းနိုင်ဟာ ရှောင်တိမ်းဖို့ လုပ်ရင်းနဲ့ပဲ စစ်တပ်နဲ့ တိုးကာ ဖမ်းဆီးအသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
Read More

ရေဦး PDF အတွက် လိုအပ်နေတဲ့ ကျည်ကာ၀တ်စုံတွေ ထောက်ပံ့ပေးအပ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်နှင့်ပေါက်အစပ်ရှိ ရေနံမှော်နေရာများအား စစ်အုပ်စု ၃ ရက်ဆက် ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ထိခိုက်သူများလည်း ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်တွေရှိရာကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၃ ဦး KNLA တပ်ရင်း (၈) ထံ လက်နက်ချ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၈) ထံ အကြမ်းဖက်စစ်တပ်က စစ်သား ၃ယောက် အလင်းဝင်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမှာ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်ကျဉ်းတချို့ တရားမဝင် ပြန်လည်ဖမ်းဆီး အချုပ်ချခံထားရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လွတ်ရက်စေ့ပြီးလွတ်​မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ရဲက ပြန်လည်ဖမ်းဆီးပြီး အချုပ်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၏ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၄) ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနား

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း၊ အပါတ်စဥ်(၄)  ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် မနေ့က အညာဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။