တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ ၊ တိုင်းစစ်ဌာနီ ဧရာဝတီ၊ အမှတ် (၂၉) ဗျူဟာ ကို ဒီဇင်ဘာလ ပထမပတ်အတွင်း ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဧရာ၀တီတိုင်းကိုယ်စားပြု စစ်ဗျူဟာတပ်ဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးလိုက်တာ ဖြစ်ပါတယ်။
ဧရာ၀တီ အမှတ် (၂၉) ဗျူဟာ ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို အခြေခံထားတဲ့ တော် လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက် ဧရာဝတီ PDF အမှတ် (၂၉)ဗျူဟာ နဲ့ ရှေ့လျှောက် တော်လှန်ရေးခရီးကြမ်းကို လက်တွဲ ချီတက်သွားဖို့ မျှော်လင့် ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူ အားကိုးရတဲ့၊ လူထုကို အလုပ်အကျွေးပြုနိုင်တဲ့ မြစ်ဝကျွန်းပေါ် စံနမူနာပြ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါစေလို့လည်း ဆန္ဒပြုကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်‌ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကို ခံယူပြီး စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာတွေ အဆင့်ဆင့်နဲ့ တိုင်းစစ်ဌာန-ဧရာဝတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
တိုင်းစစ်ဌာန(ဧရာဝတီ)ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲတွေ ရယူနိုင်ဖို့ မဟာမိတ် EROs တွေနဲ့ လက်တွဲပူးပေါင်းပြီး ကြိုးစားတည်ဆောက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို

ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙) က မဟာမိတ်တပ်ဖွဲ့အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

PLA ထိန်းသိမ်းထားသည့် ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို TNLA လွှဲပြောင်းတာဝန်ယူ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ ဆင်အကောင်ရေ ၁၃၈ ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေကို ထိန်းသိမ်းထားရှိရာကနေ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ ဆင်အကောင် ၆၀ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

(၃) နှစ် ပြည့်ပြီဖြစ်တဲ့ တောင်ညိုတပ်ရင်းက ပျောက်ကြားတိုက်ပွဲ (၆၇) ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့၊ တပ်ရင်း တော်လှန်ရေးရဲဘော် (၆) ဦး ကျဆုံးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုတပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လေယာဥ်ကွင်းအနောက်ဘက် ကင်းပတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်တပ်မှ ခလရ ၂၅၄ အရာရှိအပါ ၆ ဦး သေပြီး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ လေယာဥ်ကွင်းအနောက်ဘက် ကင်းလှည့်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ခလရ ၂၅၄ တပ်က အရာရှိ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။