တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၈ ရက်က စတင်ကာ ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်တာဖြစ်ပြီး မေတ္တာမြို့ကစလို့ ထီးခီးနယ်စပ်အထိ လမ်းမကြီးကို ယာဥ်ကြီး၊ ယာဥ်ငယ် ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မ ဆာခီးလာဌာနချုပ်က ထုတ်ပြန်လိုက်တာပါ။
လမ်းပိုင်းပိတ်ဆို့မှုကြောင့် ထိုင်းနိုင်ငံဘက်ကို သွားမယ့် ကားကြီးကားငယ်တချို့လည်း မေတ္တာလမ်းပေါ်က ကျေးရွာတချို့မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
အဲဒီလမ်းပိုင်းမှာ KTLA နဲ့ KNLA တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွါးလေ့ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ တတိယအပတ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်း နှစ်ဖက်ထိတွေ့မှုဖြစ်ပွါးပြီး KTLA တပ်ဖွဲ့ဝင် ၃ယောက် သေဆုံးခဲ့သလို ၁၄ ယောက်ကို KNLA က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဒေသမှာ KNLA တပ်ဖွဲ့ဝင်တွေ မကြာခဏ ပစ်ခတ်ခံရတာကြောင့် လုံခြုံရေးအတွက် KTLA တပ်ဖွဲ့ဝင်တွေ ရှိရာနေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်ရတာဖြစ်ကြောင်း KNLA ဘက်က ပြောထားပါတယ်။
အခုလက်ရှိ ကော်သူးလေတပ်မတော် KTLA ကနေ ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်တဲ့ လမ်းတစ်လျှောက်မှာ KNU တပ်မဟာ ၄ ရဲ့ ဂိတ်တွေနဲ့ KTLA ထိန်းချုပ်ထားတဲ့ဂိတ်တွေ ရှိနေပြီး ကုန်တင်ယာဉ်အများစုကတော့ ရောက်တဲ့နေရာမှာ ရပ်နားကာ လမ်းပြန်ဖွင့်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
ပုံစာ – ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို BPLA ရဲ့ စစ်ဒေသအသီးသီးမှာ ဧပြီလ(၁၇)ရက် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ BPLA က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေစကြိုမှာ အကြမ်းဖက်စစ်တပ်က သက်ကြီးပိုင်းနှင့် ကလေးငယ်များကို လူသားဒိုင်းသဖွယ် အသုံးပြုရင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါဝင် အရပ်သား ၅၀ ကျော်ကို လူသားဒိုင်းလုပ်ဖမ်းဆီးကာ ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါက်မြို့နယ် ကျေးရွာဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ဘက် စံဖဲကျေးရွာရှိ ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၀ ကို စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်း

ရန်ကုန်နဲ့ မန္တလေးက  အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို စစ်ကောင်စီက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေမှာဖော်ပြလာပါတယ်။ တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ အပါအဝင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားအယောက်၂၀ကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
Read More

ရေစကြိုတွင် စစ်တပ် အင်အား ၁၀၀နီးပါးနှင့် တော်လှန်ရေးတပ်များ ထိတွေ့မှုဖြစ်၊ စစ်တပ်ဘက်မှ အရာရှိအပါအဝင်၂၇ဦးသေပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့စစ်ရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိအပါဝင် စစ်ကောင်စီတပ်သား ၂၇ယောက် သေဆုံးပြီး အယောက် ၃၀နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Southern YSO PDF တာဝန်ခံအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

ဇန်နဝါရီ တစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ရေးပြင်းထန်ခဲ့၊ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများပါ ရရှိ 

၂၀၂၅ ခုနှစ် ဇန်နဝါရီတစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။