ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ တောင်ကိုရီးယားနိုင်ငံ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြားသေဆုံးနိုင်တယ်လို့ တောင်ကိုရီးယားရဲ့ ကနဦးသတင်းများက ဖော်ပြပါတယ်။

ယနေ့ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက Boeing 737-800 လေယာဉ်၊ လေယာဉ်အမှတ် 7C2216 ဟာ တောင်ကိုရီးယားနိုင်ငံ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ဘီးများ ချမရဘဲ ဆင်းသက်လာရာမှာ ပြေးလမ်းအဆုံးရှိ ခြံစည်းရိုးနံရံနဲ့ တိုက်မိကာ ပေါက်ကွဲမှုဖြစ်ပွားပြီး လတ် တလောမှ ခရီးသည် ၁၇၉ ယောက် သေဆုံးဖွယ်ရှိပြီး ၂ ယောက် အသက်ရှင်လျက် ကယ်ဆယ်ထားနိုင် တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း တောင်ကိုရီးယားရောက် တော်လှန်ပြည်သူများ ဆန္ဒပြ

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း တောင်ကိုးရီးယားနိုင်ငံရောက် တော်လှန်ပြည်သူတွေက "နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲ" အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။
Read More

တောင်ကိုးရီးယားရဲ့ လူဦးရေ ဆက်တိုက်ကျဆင်းနေသည့် ဒေသတွင် မြန်မာဒုက္ခသည်များအား နေထိုင်ခွင့်ပြုဖို့ အာဏာပိုင်များ ဆွေးနွေး

လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

ထိုင်းတွင် မြန်မာလုပ်သား လူငယ်တစ်ဦး ကြိတ်စက်ထဲ ပါသွားပြီး တစ်စစီဖြစ်ကာ အသက်ဆုံးရှုံး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ ဖော့ကြိတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ် အလုပ်သမားတစ်ယောက် ကြိတ်စက်ထဲ မတော်တဆ ပါသွားကာ ခန္ဓာကိုယ်တစ်စစီဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

စစ်ကောင်စီအတွက် လေယာဉ်တွေရောင်းနေတဲ့ AVIC နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Airbus ကို ရပ်တန့်စေဖို့ ဥရောပနိုင်ငံတချို့ အကျိုးအမြတ်တွေကြောင့် မျက်ကွယ်ပြုနေ

ဥရောပနိုင်ငံကြီး (၃) နိုင်ငံက ရှယ်ယာပါဝင်ထားတဲ့ Airbus ရဲ့ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတို့ဟာ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ပိုင် AVIC  လုပ်ငန်းစုနဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမှုကို အကြိမ်ကြိမ် ကန့်ကွက်နေတဲ့ကြားထဲက လုပ်ဆောင်နေမှုဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့  Justice For Myanmar နဲ့ Info Birmanie တို့ကပူးတွဲထုတ်ပြန်လိုက်ပါတယ်။