တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ ၊ တိုင်းစစ်ဌာနီ ဧရာဝတီ၊ အမှတ် (၂၉) ဗျူဟာ ကို ဒီဇင်ဘာလ ပထမပတ်အတွင်း ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဧရာ၀တီတိုင်းကိုယ်စားပြု စစ်ဗျူဟာတပ်ဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးလိုက်တာ ဖြစ်ပါတယ်။
ဧရာ၀တီ အမှတ် (၂၉) ဗျူဟာ ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို အခြေခံထားတဲ့ တော် လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက် ဧရာဝတီ PDF အမှတ် (၂၉)ဗျူဟာ နဲ့ ရှေ့လျှောက် တော်လှန်ရေးခရီးကြမ်းကို လက်တွဲ ချီတက်သွားဖို့ မျှော်လင့် ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူ အားကိုးရတဲ့၊ လူထုကို အလုပ်အကျွေးပြုနိုင်တဲ့ မြစ်ဝကျွန်းပေါ် စံနမူနာပြ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါစေလို့လည်း ဆန္ဒပြုကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်‌ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကို ခံယူပြီး စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာတွေ အဆင့်ဆင့်နဲ့ တိုင်းစစ်ဌာန-ဧရာဝတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
တိုင်းစစ်ဌာန(ဧရာဝတီ)ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲတွေ ရယူနိုင်ဖို့ မဟာမိတ် EROs တွေနဲ့ လက်တွဲပူးပေါင်းပြီး ကြိုးစားတည်ဆောက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်း အစုလိုက်အပြုံလိုက် အပြုတ်တိုက်ခံရပြီး အယောက် ၃၀ ကျော်သေကာ ၄၀ ကျော်လက်နက်ချအဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ကူတော်ပျူရွာကနေ စစ်ကြောင်းဆုတ်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်က ၃၅ယောက်သေပြီး ၄၃ယောက်ကို လက်နက်ခဲယမ်းအမြောက်အမြားနဲ့အတူ အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။
Read More

သိန်းခွန်းကျေးရွာအနီး တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား (၁၀) ယောက်ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

"အရှင်ဖမ်းမိတဲ့ရန်သူ မရှိဘူး ၊ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု နည်းနည်းရှိတယ်၊ အသေးစိတ်တော့ ပြောလို့မရဘူး၊ အခုတိုက်နေတဲ့အတောအတွင်း ရန်သူရဲ့ ထိခိုက်သေ‌ဆုံးတဲ့ဦးရေကိုတော့ အတိအကျမသိဘူး၊ သေဆုံးမှုများတယ်" လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှုး ဗဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
Read More

ညောင်ရွှေမြို့နယ်မှာ အင်အားရာချီသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းထိုး မီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အင်အား ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၉) တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုရုံးပေါင်းစုံက စစ်အုပ်စုတွေကို MBTအဖွဲ့၊ ပြောက်ကျား သွားရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ၃ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုတွေတပ်စွဲထားတဲ့ ရုံးပေါင်းစုံ (ရေစကြိုထွေအုပ်ရုံး) ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။
Read More

လောင်းရှည်မှာ စစ်တပ်နဲ့ PDF တွေ ၂ရက်တာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ ယောက် သေပြီး၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

ကျိုက်မရော ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ယောက် သေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။