စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေတပ်က ဗိုလ်ကြီး ၁ယောက်နဲ့ သူ့ရဲ့တပည့် ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်သာမြို့နယ်က လက်ဘက်ရည်ဆိုင်တစ်ဆိုင်မှာ လက်ဘက်ရည်ထိုင်သောက်နေတဲ့ စစ်ကောင်စီလေတပ်ဗိုလ်ကြီးနဲ့ တပည့်ကို ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်ရှင်းလင်းမှုကို PLA ရဲ့အနောက်မြောက်စစ်ဒေသ အမှတ် ၈၁၅ တပ်ဖွဲ့ က ဒီနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် ၇နာရီ၁၅မိနစ်အချိန်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ လေတပ်ဗိုလ်ကြီးဟာ စစ်ကောင်စီရဲ့ ဗိုလ်ကြီး ကြည်ဖေလင်းဖြစ်ပြီး လေတပ်ဗိုလ်ကြီး ကိုင်ဆောင်တဲ့ MA5 MK1 သေနတ် အပါအဝင် ကျည်ဆံတချို့နဲ့ ဖုန်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ စစ်ကော်မရှင်တပ်သားများကို ဝင်ရောက်တိုက်ခိုက်၊ တပ်ကြပ်ကြီးအဆင့် (၂) ဦးအပါ ၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးအပါ ၅ ဦး ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့နယ်တွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၉ ဦး သေပြီး ၁၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှု များခဲ့ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် (၄၇) ထံက သိရပါတယ်။
Read More

ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး အလင်းဝင်လာပြီး ၁၈ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိဟု ပြည်သူ့ပန်းတိုင် ဆို

၂၀၂၅ ခုနှစ် ဇွန်လ တတိယ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၃ ယောက် အလင်းဝင်လာပြီး ၁၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်သာက စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေး…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွာစခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို အကာအကွယ်ယူပြီး ရွာတွေထဲတွင် သွားလာလှုပ်ရှားနေသည့် စစ်ကော်မရှင်တပ်သားများနှင့် နီးရာနေရာများတွင် နေထိုင်သွားလာခြင်းမပြုလုပ်ကြရန် ဝေါကာကွယ်ရေးတပ် သတိပေး

ပဲခူးတိုင်း၊ ဝေါမြို့နယ် ကျေးရွာများရှိ ပြည်သူများအနေနဲ့ ရပ်ရွာအတွင်း ပြည်သူကိုအကာအကွယ်ယူပြီး သွားလာလှုပ်ရှားနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ နီးရာနေရာတွေမှာ နေထိုင်သွားလာခြင်း မပြုလုပ်ဖို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ဝေါမြို့နယ်ရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ရွာပြင်ဘက်မှာ ဂိတ်ချတာမျိုးတွေပြုလုပ်လေ့ရှိပြီး၊ အဆိုပါအထိုင်ချထားတဲ့ စစ်ကော်မရှင် တပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်က စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။