မကွေးတိုင်းရေစကြိုမြို့နယ် မြို့မရဲစခန်းကနေ လမ်းကင်းယူဖို့ ထွက်လာတဲ့ အင်အား ၁၅ ယောက် ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂၈ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ၅ ယောက် အပြင်းအ ထန်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်ထံက သိရပါတယ်။

လမ်းကင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ရေစကြိုမြို့နယ် အထွက် ဘက်စုံခြားနားက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သားတွေ ကျန်ခဲ့တဲ့ လက်နက်တွေကို ကောက်ယူဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျန်အကြမ်းဖက်စစ်သားတွေနဲ့ ရေစကြိုမြို့မရဲစခန်းက ပစ်ကူပေးခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာ ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် လင်းကတောရဲစခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောနယ်ရဲစခန်းအား ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade (ANyar Eagles) အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံခရိုင်အတွင်း စစ်ဘေးရှောင်မိသားစု ကျန်ရစ်ခဲ့တဲ့ အဘွားအိုကို PDF ရဲဘော်များ ကယ်တင် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဝင်လာတဲ့အတွက် စစ်ဘေးရှောင် မိသားစုကျန်ရစ်ခဲ့တဲ့ အဘွားအိုကို ကယ်တင်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ ရဲဘော်တစ်ယောက်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ကရင်နီမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ‘စုပေါင်းကူညီထောက်ပို့ကျည်’ ကမ်ပိန်း (ရုပ်/သံ)

ကရင်နီဒေသအတွင်း စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ 'စုပေါင်းကူညီ ထောက်ပို့ကျည်' ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မဆုတ်တမ်းခံစစ်မော်ခီးတပ်စခန်း မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ မော်ခီးမဆုတ်တမ်းခံတပ်စခန်းကို KNLA ပူးပေါင်း တပ်တွေက မေလ ၃၀ ရက် နံနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

ရန်ကုန်မြို့လယ် လူမြင်ကွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေရှိလာ (ရုပ်/သံ)

''တကယ်ဝမ်းနည်းမိတယ်၊ ဒါတွေမြင်ရင် သွားပြီ … ကျွန်တော်တို့တိုင်းပြည်က တကယ်ချွတ်ခြုံကျစုတ်ပြတ်သတ်ပြီး အဖတ်ဆယ်မရတော့ဘူး၊ အရာအားလုံးစုတ်ပြတ်ကုန်ပြီ ဘဝတွေကော အနာဂတ်တွေကော'' လို့ အဆိုပါပို့စ်အတွင်း ပြည်သူတစ်ဦးက မှတ်ချက်ပြုရေးသားထားပါတယ်။
Read More

ပင်လောင်းမှ အရပ်သားနေအိမ်များကို စစ်ကောင်စီနှင့် PNO တပ်ဖွဲ့များ ရည်ရွယ်ချက်ရှိရှိ မီးရှို့ (ရုပ်/သံ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့  PNO ပြည်သူ့စစ်တွေက ကျေးရွာတွေကို မီးလောင်ပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ တောမီးရှို့မှုကြောင့် နေအိမ် ၂၄ လုံးမီးလောင်ပြာကျခဲ့တယ်လို့  ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) က ထုတ်ပြန်ပါတယ်။