ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့မရဲစခန်းကို ဒီဇင်လာ ၂၈ ရက် မနေ့ညက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ရဲ ၃ယောက်နဲ့ ရဲမိသားစုဝင် ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာ သိပေမယ့် ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရဘူးလို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“အသံကတော့ အတော်လေးကျယ်တယ်။ ရဲစခန်းထဲမှာ ဖြစ်တယ်ဆိုတော့ လက်နက်ခဲယမ်း တစ်ခုခုပေါက်ကွဲတယ်ထင်တာ။ နောက်မှ ဒရုန်းနဲ့ဗုံးကြဲချခံရတယ်ဆိုတာသိရတာ။ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြဝတီမြို့ဆေးရုံးကြီးကို ခေါ်သွားတယ်” လို့ မြဝတီမြို့နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
မြဝတီမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထွေအုပ်ဝန်ထမ်းတွေက ခရီးသွားပြည်သူတွေနဲ့ မြို့မှာ လာရောက်တည်းခိုသူတွေကို ပေါ်တာဆွဲနေတယ်ဆိုတဲ့အသံတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း အခုလို ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်တယ်လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။
မြဝတီမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတွေ၊ BGF တွေ အဓိက ထိန်းချုပ်ထားတာဖြစ်ပြီး အကြမ်းဖက်စစ်သားတွေကတော့ တပ်တွင်းမှာသာ နေထိုင်ကြကာ အရပ်ဝတ်တွေနဲ့ အပြင်ထွက်လေ့ရှိသလို BGF တွေနဲ့ ပေါင်းကာလှည့်လည်လှုပ်ရှားမှုတွေလည်း ပြုလုပ်လျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
0 Shares:
You May Also Like
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟု ဆို

နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။ 
Read More

ရွှေပေါက္ကံမြို့သစ် ၂၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင် တစ်ယောက်သေ

ရန်ကုန်တိုင်း၊ ရွှေပေါက္ကံမြို့သစ်က (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက်သေဆုံးပြီး ၁ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲကျတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် မန်ဟဲကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမှာ စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့ ပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ဂွေးပင်တောရွာစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force အဖွဲ့က ​ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစု၏ အထွေထွေစာအုပ် ၁၀၀ ကျော် ပါဝင်သည့်  ရွေ့လျားစာကြည့်တိုက် 

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ် သပိတ်အင်အားစုအနေနဲ့ ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်စေဖို့ ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။