ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၈)တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။
မြကန်သာရွာမှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သင်္ကန်အရေခြုံ ဝါသဝရဲ့ ဩဇာခံ ပျူစောထီးအင်အား ၆၀ နီးပါး တပ်စွဲထားကာ အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရန်မူလျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီ မြကန်သာရွာ ပျူစခန်းကို ဒီဇင်ဘာ ၂၅ ရက် ညပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ပြန်လည်ခုခံတိုက်ခိုက်သူတွေကိုသာ ပစ်မှတ်ထား ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ချ အညံ့ခံခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင်တွေ၊ ဆေးကုသမှုခံယူနေတဲ့ ပျူစောထီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုတော့ ဆက်လက်ပြီး စစ်ကောင်စီနဲ့ လုံးဝမပတ်သက်ဖို့ သတိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁ ယောက်၊ ရန်သူ့အလောင်း ၁ လောင်း ၊ G3 ၂ လက် ၊ ကာဘိုင် ၃ လက် ၊ လက်ပစ်ဗုံး ၊ ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ရေဦးမြို့နယ် မီးဘေေးသင့် ပြည်သူများအတွက် ခရစ္စမတ်နှင့် နှစ်သစ်ကူးအထိမ်းမှတ် ခြုံစောင်၊ ခြင်ထောင်များ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မီးဘေးသင့်ဒဏ် ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေ၊  ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ခြုံစောင်နဲ့ ခြင်ထောင်တွေ လှူဒါန်းနိုင်ခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO) ထံမှ သိရပါတယ်။ 
Read More

ဝမ်းတွင်းတွင် စစ်မှုထမ်းအတွက် လူငယ်ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NCA ဟာ စက္ကူစုတ်တခု ဖြစ်သွားပြီဟု တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ ပြော

စစ်တပ်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ (၁၀) နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ကြဖို့နဲ့ NCA ဟာ စက္ကူစုတ်သာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့အစည်း ၆ခုက အောက်တိုဘာ ၁၃ရက်မှာ ပူးတွဲ သဘောထားထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ မကြာခင် ကျဆုံးတော့မယ့် အခြေအနေတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။ 
Read More

စစ်ကိုင်းငလျင်အပြီး ဧပြီလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၈ နှစ်အောက် ကလေး ၁၇ ဦးအပါ အရပ်သား ၅၅ ဦး သေဆုံး

တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်းငလျင်အပြီး ဧပြီလအတွင်း နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၁၇ ယောက်အပါအဝင် အရပ်သား ၅၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

Generation Z Power – GZP (Mandalay) ၏ အပတ်စဥ် (၁၀) အခြေခံစစ်သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း ပေးအပ်ပွဲ… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအခြေစိုက် Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အပတ်စဥ် (၁၀) အခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။