တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၈ ရက်က စတင်ကာ ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်တာဖြစ်ပြီး မေတ္တာမြို့ကစလို့ ထီးခီးနယ်စပ်အထိ လမ်းမကြီးကို ယာဥ်ကြီး၊ ယာဥ်ငယ် ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မ ဆာခီးလာဌာနချုပ်က ထုတ်ပြန်လိုက်တာပါ။
လမ်းပိုင်းပိတ်ဆို့မှုကြောင့် ထိုင်းနိုင်ငံဘက်ကို သွားမယ့် ကားကြီးကားငယ်တချို့လည်း မေတ္တာလမ်းပေါ်က ကျေးရွာတချို့မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
အဲဒီလမ်းပိုင်းမှာ KTLA နဲ့ KNLA တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွါးလေ့ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ တတိယအပတ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်း နှစ်ဖက်ထိတွေ့မှုဖြစ်ပွါးပြီး KTLA တပ်ဖွဲ့ဝင် ၃ယောက် သေဆုံးခဲ့သလို ၁၄ ယောက်ကို KNLA က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဒေသမှာ KNLA တပ်ဖွဲ့ဝင်တွေ မကြာခဏ ပစ်ခတ်ခံရတာကြောင့် လုံခြုံရေးအတွက် KTLA တပ်ဖွဲ့ဝင်တွေ ရှိရာနေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်ရတာဖြစ်ကြောင်း KNLA ဘက်က ပြောထားပါတယ်။
အခုလက်ရှိ ကော်သူးလေတပ်မတော် KTLA ကနေ ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်တဲ့ လမ်းတစ်လျှောက်မှာ KNU တပ်မဟာ ၄ ရဲ့ ဂိတ်တွေနဲ့ KTLA ထိန်းချုပ်ထားတဲ့ဂိတ်တွေ ရှိနေပြီး ကုန်တင်ယာဉ်အများစုကတော့ ရောက်တဲ့နေရာမှာ ရပ်နားကာ လမ်းပြန်ဖွင့်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
ပုံစာ – ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ကျုံပျော်မှာ စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်စဉ် စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ရိုက်မိကာ ခြေထောက်ကျိုး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်မောင်းနှင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ လေ့ကျင့်မောင်းနှင်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ ရိုက်မိပြီး ခြေထောက်ကျိုးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာ ရဲစခန်းကို AA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကျုံပျော်ကနေ ကား ၇ စီးနဲ့ စစ်ကူပို့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး မကျီးဇင်ကျေးရွာက ရဲစခန်းနဲ့ နေရာအတော်များများကို ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်တပ်က အဲဒီရွာဘက် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက ထုတ်နုတ်အင်အားတွေ စစ်ကူပို့နေတယ်လို့ ကျုံပျော်မြို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးမိတ်ခရိုင် ပ.ကဖ အထူးတိုက်ခိုက်ရေးတပ်ရင်း – ( ၁ ) အပတ်စဥ် – ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အထူးတိုက်ခိုက်ရေးတပ်ရင်း - ( ၁ ) အပတ်စဥ် - ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကနီ ပအဖ ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

KIA နှင့် TNLA ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးပြောကြားပါတယ်။