စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်နယ် ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက်ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိပြီး မုံရွာ ပကဖ ထံအပ်နှံခဲ့တယ်လို့ CHU PDF သတင်းနှင့် ဆက်သွယ်ရေး တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီဇင်ဘာ ၂၆ရက်နေ့က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ယောက်ကို စစ်​ရေးလှုပ်ရှားမှု လုပ်ဆောင်နေတဲ့ ချောင်းဦး ပကဖ တိုက်ခိုက်ရေး တပ် CHU PDF တပ်ဖွဲ့(၁) နဲ့အတူ Special Force 11 LPDF နဲ့ Special ဒိတ်ဒိတ်ကြဲ LPDF အဖွဲ့တို့က တွေ့ရှိပြီး ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သား ၂ယောက်နဲ့အတူ မိုဘိုင်းဖုန်း၁လုံး၊ MA-5 Pistol ၁လက်၊ ၉မမ ကျည် ၉တောင့်၊ 380Bullet ၁တောင့် နဲ့ Pistol အိတ် ၁ခု ပါဝင်လာတယ်လို့လည်း သိရပါတယ်။
“ကျနော်တို့ရဲဘော်တွေရဲ့ ကနဦးစစ်ချက်အရ သူတို့က ဒီဘက်ကိုအလင်းဝင်ဖို့ထွက်လာပေမယ့် ချိတ်ဆက်ထားတဲ့အဖွဲ့နဲ့ အဆက်အသွယ်ပြတ်ပြီး ရောက်လာတယ်ပြောတယ်။ နောက်ပြီး သူတို့က တပ်သားအဆင့်ပဲ ပြောပေမယ့် ပါလာတဲ့ MA5 ပစ္စတို သေနတ်ကအရာရှိကိုင်တာပေါ့နော်။ ဒါတွေက ကွာဟချက်ရှိနေတာပေါ့။ ကျန်တဲ့စစ်ဆေးချက်တွေကတော့ မုံရွာပကဖ ထုတ်ပြန်ပါလိမ့်မယ်” လို့ CHU PDF သတင်းနှင့် ဆက်သွယ်ရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
သူကပဲဆက်လက်ပြီး “လက်ရှိ ချောင်းဦးဘက်မှာတော့ စစ်ရေးအေးနေတယ်။ ဒါပေမယ့် စစ်တပ်က မုံရွာ-မန္တလေးလမ်းကို သုံးချင်ပြီဆို ခရီးသွားကားတွေကိုတားပြီး မိုင်းရှာခိုင်းတာမျိုးတွေ လုပ်တတ်တယ်” လို့ ပြောပါတယ်။
လက်ရှိ တိုင်းနဲ့ပြည်နယ်အနှံ့ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ထံကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာသူတွေနဲ့ လက်နက်ချအလင်းဝင်လာသူတွေများပြားလာသလို တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူနဲ့ အမြန်ပူးပေါင်းကြဖို့ တိုက်တွန်းနေကြပါတယ်။
ပုံစာ – မုံရွာ ပကဖ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး
0 Shares:
You May Also Like
Read More

ပဲခူးခရိုင် PDF အမှတ် (၂) တပ်ရင်းဆီ စစ်ကောင်စီ၏ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက စစ်မှုထမ်းဆင်း စစ်သားသစ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့ခဲ့ဟု UK ဆို

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ UK in Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့ကို ပြန်လာတဲ့ ဗိုလ်မှူးကျော်တင့်ရဲ့ စစ်ကြောင်းချေမှုန်းခံရပြီး ၃၃ယောက် သေဆုံးကာ ဗိုလ်ကြီး ၂ယောက်အပါ ၄၃ယောက်က်ို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်တိုက်ပွဲအတွင်း ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား (၃၃)ယောက်သေပြီး ဗိုလ်ကြီး၂ယောက်အပါ စစ်သုံ့ပန်း (၄၃) ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန…
Read More

နယ်မြေမငြိမ်သက်သေးတဲ့ လွိုင်ကော်မှာ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီ ဖိအားပေးနေ

နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ဧရာဝတီတိုင်းထဲက ရဲစခန်းတွေ စခန်းတစ်ခုကို ရဲ ၅ယောက်နှုန်း ရခိုင်နယ်စပ် ပို့ပေးနေရ

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ဘားအံမှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နှင့် အရေးပေါ်ကားများကိုပါ စစ်အုပ်စု ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ ကားနဲ့  ဆိုင်ကယ်မှန်သမျှကို စစ်အုပ်စုက ဖမ်းဆီးတဲ့အပြင် အရေးပေါ်ကားတွေပါ ဖမ်းဆီးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။