လက်ရှိမြန်မာ့အရေးကို စစ်ရေးနဲ့ ဖြေရှင်းမှုထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိကြောင်း အာရက္ခတပ်တော် (AA) က ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အမ်း စစ်ဌာနချုပ်အပါအ၀င် ရခိုင်ပြည်နယ်က မြို့ပေါင်း ၁၄မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA က အခုလို ထုတ်ပြန်လိုက်တာပါ။
AA ဟာ ရခိုင်လူထုတစ်ရပ်လုံးရဲ့ ထောက်ခံမှုနဲ့အတူ ရခိုင်ဒေသအတွင်းနေ လူမျိုးပေါင်းစုံရဲ့ အမျိုးသားတန်းတူရေး၊ ဒေသတစ်ခုလုံး ဖိနှိပ်အုပ်ချုပ်သူတို့လက်အောက်က လွတ်မြောက်ရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်ခြင်းမပြုဖို့ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က နိုင်ငံရေးအရ ဆွေးနွေးဖို့ ကြေညာချက် အသီးသီးထုတ်ပြန်ခဲ့ပြီးနောက် AA ကလည်း အခုလို ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။
လက်ရှိ ရခိုင်ဒေသမှာ ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ရေးအတွက် AA ဟာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရခိုင်ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိက ရည်ရွယ်ပြီး အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက် အထောက်အကူပြုဖို့ အကြွင်းမဲ့ ယုံကြည်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ဟာ တရုတ်နဲ့ နယ်နိမိတ် ထိစပ်ခြင်းမရှိပေမယ့် တရုတ်အတွက် အရေးပါတဲ့ အနောက်ဘက်ပင်လယ်ထွက်ပေါက်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့ ဒေါ်လာ ဘီလီယံချီတန် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၁ ခုရှိတဲ့အထဲက ၁၀ ခုဟာ လက်ရှိမှာ AA ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိနေတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်လှုပ်ရှားမှုများနှင့် ခလရတပ်တွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရွှေဘို ပကဖ လုပ်ဆောင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုစိုးမိုးထားရာ မြို့ပေါ်နေရာအနှံ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို ခလရ ၄၂ တပ်စခန်းကိုလည်း ဒရုန်းတွေနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ထိုင်းစစ်တပ် ရိုက်နှက်လို့ မြန်မာအမျိုးသားတစ်ယောက် သေဆုံးခဲ့

၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။
Read More

ကျောက်တော်မြို့နယ် စာသင်ကျောင်းပေါ် စစ်တပ် ဗုံးကြဲလို့ ၁၈ ဦး သေဆုံးမှုကို AA ၏ မူးယစ်ဂိုဏ်းစခန်းကို တိုက်ခိုင်ခြင်းသာဖြစ်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူတွေ အပါအဝင် ၁၈ ယောက် သေဆုံးခဲ့မှုကို AA စခန်းကို ဗုံးကြဲရှင်းလင်းတာသာ ဖြစ်ကြောင်း စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်ချန်နယ်တွေက သတင်းအမှား ဖြန့်ဝေနေပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘုတလင် သတ်ဖြတ်မှုဟာ မေ့လျော့စရာ မရှိ၊ ဆွေးနွေးစရာ မရှိ

ဘုတလင်မြို့နယ် ပါစီရွာက ဒေသခံတွေကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ပြည်သူတွေအနေနဲ့ မမေ့လျော့ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။
Read More

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

ကရင်နီပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက်အထိ ရှိလာနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်လာပါတယ်။