အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ သူ့ဘက်က ဖိတ်ခေါ်ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူ့ကို အဖက် မလုပ်ဘဲ ဆက်လက်တိုက်ခိုက်နေကြောင်း ပြောကြားလိုက်ပါတယ်။
မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၅ဝ ပြည့် အာခါအမျိုးသားနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်တာပါ။
နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဖိတ်ခေါ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က သူ့ရဲ့ ဖိတ်ခေါ်မှုကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လုပ်နေတာကို မြင်တွေ့ရတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
နိုင်ငံတစ်ဝန်း အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်နေတဲ့ မင်းအောင်လှိုင်ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက တွေ့ဆုံဆွေးနွေးဖို့ အကြောင်းမရှိဘူးလို့ ပြတ်ပြတ်သားသား ပြောကြားထားပါတယ်။
အထူးသဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းတွေကို အာဏာသိမ်းစစ်တပ်က ဝန်ခံကာ ၂၀၂၀ ရွေးကောက်ပွဲကသာ တရားဝင်ဖြစ်ပြီး လူထုကရွေးချယ်ထားတဲ့ အစိုးရကို အာဏာပြန်လည်အပ်နှင်းမှသာ တွေ့ဆုံဆွေးနွေးမယ်လို့ အသီးသီးက စစ်ကောင်စီကို ပြန်လည်တုန့်ပြန်ထားပါတယ်။
နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေတွေ နည်းလာချိန်မှာ စစ်ခေါင်းဆောင်က အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ မကြာခဏ ဖိတ်ခေါ်လေ့ရှိပါတယ်။
တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် စစ်ခေါင်းဆောင်ရဲ့ ကမ်းလှမ်းချက်တွေကို တော်လှန်ရေးအင်အားစုတွေက မယုံကြည်ဘူးလို့ ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်က (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သို့ KNU တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) တက်ရောက် ဂုဏ်ပြု

ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) က တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူ-စေတုတ္တရာအစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF တွေ တိုက်ပွဲပြင်းထန်နေ၊ နေအိမ်တွေ မီးလောင်ကာ ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပွင့်ဖြူနဲ့ စေတုတ္ထရာမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြ​စ်က ပြောပါတယ်။
Read More

နိုင်ငံတဝန်း ၃ လ အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ဦး အပါအဝင် ပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လတာအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ယောက်အပါအဝင် အရပ်သားပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေကို ဒရုန်းတွေ တိုက်မိုင်းတွေနဲ့ စောင့်ကြိုတိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်​ဂေါမြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ၆ယောက်ထက်မနည်းထိခိုက်သွားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ယမန်နေ့က သပိတ်ကျင်း၊ လိပ်ကျလမ်းဆုံကို စစ်ကောင်စီ ​ပေါင် ၃၀၀ ဗုံးကြဲချခဲ့မှုအတွင်း အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့

ယမန်နေ့က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဝေါ်လေအကြမ်းဖက်စစ်တပ်စခန်းကနေ ဈေးထွက်ဝယ်တဲ့ကား ပစ်ခတ်ခံရပြီး စစ်သား၂ ယောက် သေကာ ၃ ယောက် ဒဏ်ရာရ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေါ်လေစခန်းကနေ ကျေးရွာအတွင်း ဈေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။