စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံး၀အသိအမှတ်ပြု လက်ခံသွားမှာ မဟုတ်ဘူးလို့ တအာင်း (ပလောင်) အမျိုးသားပါတီက အသိပေး ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ပြည်သူနဲ့အတူ ရပ်တည်မယ်လို့ တအာင်း (ပလောင်) အမျိုးသားပါတီက မနေ့က ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး၊ ၁ဝ၂၇ စစ်ဆင်ရေး အပါအဝင် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုတို့က စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုတွေနဲ့ အောင်မြင်မှုတွေရရှိခြင်းတို့အပေါ် ကြိုဆိုတယ်လို့လည်း ထုတ်ပြန်ပါတယ်။
တအာင်း(ပလောင်) အမျိုးသားပါတီဟာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC က ဦးဆောင်အကောင်အထည်ဖော်မယ့် နိုင်ငံရေး လမ်းပြမြေပုံအဆင့်ဆင့်တိုင်းမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံးနဲ့အတူ ရပ်တည်ပြီး ပါဝင်ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ တအောင်း(ပလောင်) အမျိုးသားပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တအာင်းဒေသက နေရာအများစုမှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတစ်ခုပဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

တိုင်းပြည်အတွက် ငွေကို သုံးချင်ပေမယ့် ထင်တိုင်းကြဲ သုံးခွင့်မရဘူးလို့ မင်းအောင်လှိုင် ပြော

တိုင်းပြည်အတွက် ငွေကိုအသုံးပြုလိုပေမယ့် ဘတ်ဂျတ်ရှိနေတာနဲ့ စိတ်တိုင်းကျ အသုံးပြုခွင့်မရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ အလှူငွေ ၃၂ ဘီလီယံကျော် ရရှိခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်…

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန် မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂ လုံးပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲခဲ့တယ်လို့ Civilian Military SRDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေတာရှည်တွင် စစ်အုပ်စု စက်တပ်လေထီးများဖြင့် ဆက်တိုက်ဗုံးကြဲနေပြီး တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်​ကျေးရွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီး ဆုတ်ခွာသွားရတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲငယ်တွေဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ငွေညှစ်နေသည့် စစ်အုပ်စု အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၅ ဦး ထိခိုက်

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာ လမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုတွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း Chindwin Attack Force က ထုတ်ပြန်ပါတယ်။
Read More

လက်နက်စွန့်ဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်အပြီး တောင်ကုတ်မြို့တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ်

အာရက္ခတပ်တော် AA က တောင်ကုတ်က အမှတ်(၅) စစ်ဆင်ရေးဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ကာ တောင်ကုတ်မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။