တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ ၊ တိုင်းစစ်ဌာနီ ဧရာဝတီ၊ အမှတ် (၂၉) ဗျူဟာ ကို ဒီဇင်ဘာလ ပထမပတ်အတွင်း ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဧရာ၀တီတိုင်းကိုယ်စားပြု စစ်ဗျူဟာတပ်ဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးလိုက်တာ ဖြစ်ပါတယ်။
ဧရာ၀တီ အမှတ် (၂၉) ဗျူဟာ ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို အခြေခံထားတဲ့ တော် လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက် ဧရာဝတီ PDF အမှတ် (၂၉)ဗျူဟာ နဲ့ ရှေ့လျှောက် တော်လှန်ရေးခရီးကြမ်းကို လက်တွဲ ချီတက်သွားဖို့ မျှော်လင့် ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူ အားကိုးရတဲ့၊ လူထုကို အလုပ်အကျွေးပြုနိုင်တဲ့ မြစ်ဝကျွန်းပေါ် စံနမူနာပြ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါစေလို့လည်း ဆန္ဒပြုကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်‌ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကို ခံယူပြီး စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာတွေ အဆင့်ဆင့်နဲ့ တိုင်းစစ်ဌာန-ဧရာဝတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
တိုင်းစစ်ဌာန(ဧရာဝတီ)ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲတွေ ရယူနိုင်ဖို့ မဟာမိတ် EROs တွေနဲ့ လက်တွဲပူးပေါင်းပြီး ကြိုးစားတည်ဆောက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော် သာဝတ္ထိနယ်မြေရဲစခန်းအား လက်လုပ်ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ သာဝတ္ထိနယ်မြေ ရဲစခန်းထဲကို 79 (40)mm ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုတွေက အမိန့်ပေးစေခိုင်းသူနဲ့ လုပ်ဆောင်သူတွေအားလုံးကို အရေးယူနိုင်ဖို့ လုပ်ဆောင်နေ

အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများမှအမိန့်ပေးစေခိုင်းသူ နဲ့ လုပ်ဆောင်သူများကို အရေးယူနိုင်ဖို့ကြိုးပမ်းနေတယ်လို့ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား IIMMက သတင်းထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းရွာကို မီးဝင်ရှို့ရင်း အသက် ၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နိုင်ငံကိုကာကွယ်ဖို့ ယောကျ်ား၊ မိန်းမ အသက်အရွယ်မရွေးတာဝန်ရှိတယ်လို့ အကြမ်းဖက် ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆို

နိုင်ငံကာကွယ်ရေးတာဝန်ဟာ  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရဖို့ တာဝန်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို

ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။