ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာရှိတဲ့ တရုတ်စီမံကိန်း ၁၃ ခုကို တိုင်းရင်းသား လက်နက်ကိုင် (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေက အပြည့်အဝထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီဒေသတွေမှာ တရုတ်စီမံကိန်း ၂၃ ခု ရှိတဲ့အထဲက ၁၃ ခုကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး အခုအချက်အလက်တွေက ဒီဇင်ဘာ ၂၄ ရက်နေ့အထိ ပြုစုထားတဲ့ အချက်အလက်တွေ ဖြစ်ကာ မြေပြင်အချက်အလက်တွေနဲ့ အနည်းငယ်ကွဲလွဲမှု ရှိနိုင်တယ်လို့ ISP Myanmar က ဆိုပါတယ်။
ဒါ့အပြင် “ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းက တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (ILSTC) အပါအဝင် မူဆယ်-မန္တလေးရထားလမ်းနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း EAOs တွေက တစိတ်တပိုင်း ထိန်းချုပ်ထားပါတယ်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
EAOs နဲ့ PDFs တွေ ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်း ၁၃ ခုကတော့ မူဆယ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံဆည်၊ ကွမ်းလုံတံတား၊ ချင်းရွှေဟော် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ နောင်ဖဆည်၊ လန်ချန်-မဲခေါင် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် စင်တာ၊ ကရောင်း (Crown) ဘိလက်မြေစက်ရုံ၊ ဆင်းရွှေလီ-၁ သကြားစက်ရုံ၊ ဂုတ်ထိပ်တံတားနှင့် လမ်းသစ်စီမံကိန်း၊ ဆင်းရွှေလီ-၂ သကြားစက်ရုံ၊ ဆင်းရွှေလီ-၂ သကြားစက်ရုံ၊ အယ်လ်ဖာ (Alpha) ဘိလပ်မြေစက်ရုံနဲ့ တကောင်းနီကယ်စက်ရုံတို့ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ရခိုင်ပြည်နယ်မှာလည်း တရုတ်စီမံကိန်း ၁၁ခုရှိတဲ့အထဲက အရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ၁၀ ခုကို ထိန်းချုပ်ထားပြီး ထိန်းချုပ်ထားတဲ့ စီမံကိန်းတွေအနက် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၁,၀၉၀ သန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းဟာ ဒေါ်လာ ၁၁,၀၀၀ သန်း၊ ရေနံပိုက်လိုင်း စီမံကိန်းဟာ ဒေါ်လာ ၁,၅၀၀ သန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ဟာ ဒေါ်လာ ၉,၆၀၀ သန်း၊ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်းဟာ ဒေါ်လာ ၁၈၀ သန်း တန်ဖိုးရှိတယ်လို့ ISP Myanmar က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် အမ်း၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်၊ မောင်တောနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့တွေကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

နိုင်ငံတကာပါလီမန်များညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေ

နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုတွေကို မြန်မာပြည်သူတွေ လိုအပ်နေ

မြန်မာ့အရေးမှာ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကူညီထောက်ခံမှုမျိုးကို မြန်မာပြည်သူတွေ အဓိက လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်စွက်ဖက်နေမှု ရပ်တန့်ပေးရန် ဆိုးလ်မြို့တွင် ဆန္ဒပြ

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေမှုကို အလိုမရှိကြောင်း တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Read More

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ...နဲ့ အီရန်အကြား ၁၂ ရက်ကြာမြင့်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီး အပြီးတိုင် အပစ်ရပ်ဖို့ အပြည့်အဝ သဘောတူလိုက်ပြီဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ရေးသားဖော်ပြထားပါတယ်။
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။