စစ်တွေမြို့ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ရခိုင်ပြည်နယ်က စစ်ရေးစသတင်းအရင်းအမြစ်တွေထံကသိရပါတယ်။
မနေ့က ဒီဇင်ဘာ ၂၇ ရက်ကရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့နယ်၊ အစွန်ဘက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတချို့ကို AA က စတင် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။
ရန်ကုန်-စစ်တွေ ကားလမ်းပေါ်က ကျားမသောက် စစ်ဆေးရေးဂိတ်အနီးမှာ စတင်ပြီး တိုက်ပွဲများဖြစ်ပွါးလာခြင်းလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ AA ကတိုက်ခိုက်သိမ်းပိုက်ဖို့ စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့သ ကျန်ရှိတော့ခြင်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ စစ်တွေကိုမကျဖို့ကြိုတင်ပြင်ဆင်မှုများစွာပြုလုပ်နေပြီး စစ်သားအင်အားကိုလည်းအမြောက်အမြား ဖြည့်တင်းထားတယ်လို့ သိရပါတယ်။
စစ်တွေမှာ ဒကစနဲ့ ခမရ၃၄၂ နဲ့ ခမရ ၂၃၂ တို့အခြေပြု တပ်စွဲထားတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့မှာလည်း တရုတ်စီမံကိန်းအများစုရှိနေတာကြောင့် စစ်ကောင်စီဘက်ကမြို့မကျဖို့ အပြင်းအထန်ခုခံလာမယ့်အခြေအနေတွေ ရှိနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။
စစ်တွေအနီးမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွါးလာခြင်းနဲ့ပတ်သက်ပြီး AA ဘက်ကတော့ တရား၀င် ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။
ဓာတ်ပုံ- အမ်းစစ်ဌာနချုပ် တိုက်ပွဲအတွင်းမှ AA တပ်ဖွဲ့၀င်များ။
0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ပျူ ၁၁ယောက်သေ၊ လက်နက်ခဲယမ်းတွေ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

၅ ရက်အတွင်းမှာ စစ်ကောင်စီတပ်သား ၂၃ ဦးကို CDF-Asho ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် (ဗျူဟာကုန်း) အနီးတဝိုက်ကနေ စစ်ကောင်စီတပ်သား ၂၃ ယောက် ၅ ရက်တာအတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 
Read More

စစ်ကိုင်းနှင့် ညောင်ဦးရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်းတပ်သား ၂ ဦး ထွက်ပြေးအလင်းဝင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကိုယ်စီထွက်ပြေးအလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ အရှေ့ဘန်လောရွာနဲ့ အနောက်ဘန်လောရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က ထုတ်ပြန်ထားပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။