ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) – YPDF ရဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က မွန်းလွဲပိုင်းက တပ်ဖွဲ့ ဗဟိုဌာနချုပ် အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ အားကစားပြိုင်ပွဲကို ကိုယ်လက်ကြံ့ခိုင်ရေး၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရေး၊ စည်းလုံးညီညွတ်စေရေး၊ ချစ်ခင်ရင်းနှီးရေး စသဖြင့် ရည်ရွယ်ကာ ကျင်းပခဲ့တာဖြစ်တယ်လို့ YPDF က ဆိုပါတယ်။
အားကစားပြိုင်ပွဲမှာ တစ်ဦးချင်း၊ အတွဲလိုက်၊ အုပ်စုလိုက် စသဖြင့် အားကစားနည်း (၈) မျိုးကို ပြုလုပ်ကျင်းပပေးခဲ့ရာ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် ဒိုက်ထိုး၊ အိပ်ထ အားကစားနည်း၊ အုပ်စုလိုက်အတွဲလိုက်အနေနဲ့ ဇွန်းကိုက်၊ ခြေထပ်ပြေး၊ လက်ဝါးရိုက်၊ အိတ်စွပ် စတဲ့အားကစားနည်းတွေနဲ့ တစ်ဦးချင်းအနေနဲ့ အချဉ်စား (သံပုရာသီး)၊ ပုလင်းထဲ ဘောပင်ထည့် စတဲ့ အားကစားနည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
အားကစားပြိုင်ပွဲမှာ ဆုရရှိတဲ့ ရဲဘော်တွေကိုလည်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက သက်ဆိုင်ရာ ဆုအသီးသီး ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ထီးလင်းမြို့နယ်တွင် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များအတွက်ပါ အသိပညာများစွာ ရစေခဲ့သည့် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

မကွေးတိုင်း၊ ထီးလင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ပြုလုပ်ခဲ့ပြီး ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အသိပညာများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ယောဗျူဟာက ဂန့်ဂေါခရိုင် တပ်ရင်း ၅ ရင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်နက်တပ်ဆင် (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ယောဗျူဟာက ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းတွေအနေနဲ့ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ ဗျူဟာဖွဲ့စည်းခဲ့ပြီး ဗျူဟာအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို ပြည်သူလူထု ကြိုဆို (ဓာတ်ပုံသတင်း)

ရှေ့တန်းမှာ အောင်ပွဲရပြီး ပြန်လည်ရောက်ရှိလာတဲ့ မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ရင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

နောင်ချိုနှင့် ကျောက်မဲတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်  ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် အိုးဘိုထောင်က CDM ဆရာမကြီးဒေါ်မြင့်မြင့်သန်းသေဆုံး… ယခုနှစ်အတွင်း ထောင်တွင်း လုံလောက်သည့် ဆေးကုသခွင့် မရမှုကြောင့် သေဆုံးသူ နိုင်ကျဥ်း ၁၁ ဦးထိ ရှိလာ…

မန္တလေးအိုးဘိုထောင်အတွင်းမှာ အကျဉ်းချခံနေရတဲ့ CDM ဆရာမကြီး ဒေါ်မြင့်မြင့်သန်းဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။