ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) – YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါစုံညီအစည်းအဝေးကို တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ဖိတ်ကြားထားတဲ့ အရပ်ဖက် အကြံပေးအဖွဲ့ဝင်တွေ၊ မဟာမိတ်တပ်ဖွဲ့က ကိုယ်စားလှယ်တွေ၊ ရှေ့တန်းရောက်ရဲဘော်တွေနဲ့ နေရာဒေသအသီးသီး ရောက်ရှိနေတဲ့ ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ YPDF က ဆိုပါတယ်။
စုံညီအစည်းအဝေးမှာ တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌအပါအဝင် အဖွဲ့ဝင် တစ်ယောက်ချင်းစီရဲ့ နှစ်ပတ်လည်လှုပ်ရှားဆောင်ရွက်ချက် အစီရင်ခံစာတွေ၊ ဘဏ္ဍာရေးဌာနရဲ့ ဝင်ငွေထွက်ငွေအစီရင်ခံစာတွေ၊ ဗဟိုစစ်ကော်မရှင်၊ ဗဟိုတရားရေးနဲ့ လှုပ်ရှားစစ်ကြောင်းတွေရဲ့ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတွေ တင်သွင်းဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
တပ်ဖွဲ့အတွင်း တစ်နှစ်တာ စံပြတပ်သားဆု (၁) ဆု (၁၀၀,၀၀၀) ကျပ်၊ ဘက်စုံထူးချွန်ဆု (၁) ဆု (၅၀,၀၀၀) ကျပ်၊ တပ်သားကောင်းဆု (၃) ဆု (၅၀,၀၀၀) ကျပ်စီ၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှု (၅) ဆုအတွက် ပုဆိုးတစ်ကွင်းစီ စတဲ့ဆုတွေကိုလည်း ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌက တပ်ဖွဲ့ ရှေ့ဆက်သွားမယ့် မူဝါဒ လမ်းစဉ်တွေကို ရှင်းလင်းဆွေးနွေးခဲ့ပြီး YPDF အနေနဲ့ ဒေသတွင်း သွေးစည်းညီညွတ်ရေး၊ စစ်ကောင်စီ ကင်းစေရေး တို့ကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးတစ်စင်း ပစ်ချခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်ရဲ့ စက်တပ်လေထီးတစ်စင်းကို ပစ်ချခဲ့တယ်လို့ မြိုင် ပကဖ က ဒီညမှာ ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၂ ရက် ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေတက်လာပြီး ပေါက်နယ်ထဲကို ဗုံးကြဲကာ ပြန်လာတဲ့ စက်တပ်လေထီး ၂ စင်းထဲက တစ်စင်းကို မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ တော်လှန်ရေးတပ်ဖွဲံဝင်များက ပစ်ချခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

မိုးဗြဲ PDF 2 – ၁၀၀၇ တပ်ရင်း၏ (၂၄ ) ဦးမြောက် ကျဆုံးအာဇာနည် အသက် ၂၁ နှစ်အရွယ် ရဲဘော်ဖရန်စစ္စကို (ခ) ဖကြောင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစု တိုက်ပွဲပြင်းထန်နေရာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၇ တပ်ရင်း -မိုး​​ဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်စိတ်မှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီ ခမရ ၁၀၆ တပ်ကို Dark Shadow အဖွဲ့ အဝေးမိုင်းနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်၊ လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီရဲ့ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YGN Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ရွာကိုမီးရှို့၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်တွင် ရိက္ခာလက်နက်အင်အား ပို့ဆောင်သည့် အကြမ်းဖက်စစ်ကြောင်းကို ၅ ကြိမ်ထက်မနည်း ဖြတ်တောက်တိုက်ခိုက်၊ စစ်အုပ်စု ၂၆ ဦး သေဆုံးကာ ကား ၆ စီး မီးရှို့ဖျက်ဆီးနိုင်ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများရရှိ၊ တော်လှန်ရေးရဲဘော်များလည်း ထိခိုက်သေဆုံးမှု ရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်အုပ်စုတပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ ကား ၆ စီး မီးလောင်ပျက်စီးပြီး စစ်သား ၂၆ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့တယ်လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လျှပ်စစ်မီးမမှန်တဲ့ ရန်ကုန်မှာ EV Bus ကားတွေပြေးဆွဲဖို့ ပြင်ဆင်နေ

ဆိုးရွားစွာ လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရန်ကုန်က YBS ယာဉ်လိုင်းတွေမှာ EV Bus တွေပြေးဆွဲမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။