စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ မုံရွာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်ဓားပြတိုက်မှု ဖြစ်စဥ်မှာ ပြစ်မှု ကျူးလွန်သူတွေဟာ အသက် ၁၇ နှစ်၊ ၁၈ နှစ်၊ ၁၉ နှစ်နဲ့ ၂၂ နှစ်အရွယ် လူငယ် ၄ ယောက်နဲ့ အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက်တို့ ဖြစ်တယ်လို့ မုံရွာ ပလဖ က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
ကျူးလွန်ခဲ့သူတွေကို ချုပ်ရက်ရမာန်ယူကာ စတင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး တရားခံတွေရဲ့ ထွက်ဆိုချက်တွေ ရရှိရင် ဆက်ပြီး သတင်းထုတ်ပြန်သွားမယ်လို့ မုံရွာ ပလဖ က ဆိုပါတယ်။
လူသတ် ဓားပြတိုက်မှု ဖြစ်ပွားကြောင်း သတင်းရတာနဲ့ မုံရွာမြို့နယ် ပလဖ အပါအဝင် သက်ဆိုင်ရာ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေက လမ်းတွေ ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ပြီး ဓားပြတွေ ယူဆောင်သွားတဲ့ ကားကိုတော့ သတင်းပေးပို့မှုတွေအရ မုံရွာမြို့နယ်၊ အက်တောရပ်ကွက်၊ ကန်သာဘုန်းကြီးကျောင်းအနီး ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် မုံရွာမြို့နယ်ပလဖ ရဲဘော်တွေက ဓားပြတိုက်မှု ကျူးလွန်သူတွေကို ၁၂နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

တံတားဦးမှ ငါန်းဇွန်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် ဖောကားကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေပြီး ၁၉ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဆီ ထွက်ခွာလာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ရဲ့ ဖောကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၄ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရပ်စောက်က ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းလုံးမှုနှင့် ပြည်သူလူထု တသားတည်းရှိမှုကို ပြသရန် တွေ့ဆုံပွဲပြုလုပ်

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု တသားတည်းရှိနေကြောင်း ပြသဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄) က ထုတ်ပြန်ပါတယ်။
Read More

ကော်သူးလေခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူများ၏ နှစ်ဝက်စာ စားနပ်ရိက္ခာအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်နေဟု ဆို

“ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) သည် ကော်သူးလေခရိုင်အားလုံးရှိ စစ်‌ရှောင်ပြည်သူ များအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီအား အရေးတကြီးတိုးမြှင့်ပေးရန် တောင်းခံနေ ပါသည်။ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၂၀၄၉၃၂ ဦး အတွက် ခြောက်လစာ ဆန်ထောက်ပံ့ပေးရန် ခန့်မှန်းခြေကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဖြစ်သည်” လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
Read More

ကေတုမတီ လေတပ်ဝန်းအတွင်း ဆီလှောင်ကန်များရှိရာကို ရှော့တိုက်ဒုံး ၆ လုံးဖြင့် တိုက်ခိုက်ရာ ၆ လုံးစလုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုထိခိုက်မှုတွေရှိနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ၉ရက် မနေ့ညပိုင်းမှာ တောင်ငူ ကေတုမတီလေတပ်ဝန်းထဲမှာရှိတဲ့ ဆီလှောင်ကန်တွေရှိရာကို BWM နဲ့ မဟာမိတ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူတွင် စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်ရန် PDF များ နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ပြန်လည်ဆုတ်ခွာသွားချိန် စစ်ရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။