မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင်ပေါ်က အကြမ်းဖက်စစ်တပ်ဆက်သွယ်ရေးစခန်းမှာ တာဝန်ကျနေတဲ့ စစ်သားတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂ လက်နဲ့အတူ အကြမ်ဖက်စစ်သား ၂ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက ကနဦးသတင်း ရရှိခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းမှာ ပုပ္ပါးတောင်ပေါ်က စစ်တပ်ဆက်သွယ်ရေးစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးတပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားပေမယ့် အရာခံဗိုလ်အဆင့်ရှိသူနဲ့ တပ်သားအဆင့်ရှိသူ စစ်သား ၂ ယောက်ကို သေနတ်၂ လက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကနဦးသတင်းများအရ သိခဲ့ရတာပါ။
“ဝင်ရောက်စီးနင်းတဲ့အချိန်မှာ စစ်သားက ၃ ယောက်ရှိတာပါ။ ၁ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်၊ ပစ်ခတ်ဖမ်းဆီးလို့ရပေမယ့် ပြည်သူတွေရှိလို့၊ မလိုအပ်ပဲ ပြည်သူတွေ ထိခိုက်မှုရှိမှာစိုးလို့ လက်လွှတ်ပေးခဲ့တယ်” လို့ Myingyan Black Tiger တပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်
ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်သား ၂ ယောက်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထားရှိခဲ့ပေမယ့် တပ်စခန်းရှိရာ ခေါ်ဆောင်သွားချိန်မှာ ခုခံထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ရှင်းလင်းရာ ၂ ယောက်စလုံး သေဆုံးသွားတယ်လို့ ၄င်းကဆိုပါတယ်။
” အဲ့ဒီ ၂ ယောက်ကို ဖမ်းဆီးထားပါပြီ၊ ၂ ယောက်စလုံးကို ကျနော်တို့ အထိုင်စခန်းဆီ ခေါ်သွားတဲ့ လမ်းမှာ ထွက်ပြေးဖို့ ကြိုးစားတယ်၊ အဲ့ဒါကြောင့် ကျနော်တို့အနေနဲ့ ၂ ယောက်စလုံးကို ပစ်ခတ်ရှင်းလင်းလိုက်ရတယ်” လို့ MBT တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။
Myingyan Black Tiger MBT နဲ့ Popa Guerilla Force PGF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ အဆိုပါ ပုပ္ပါးတောင်ဆက်သွယ်ရေးစခန်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်သားတွေ ကိုင်ဆောင်တဲ့ MA 11 သေနတ် ၁ လက်၊ အူဇီ သေနတ် ၁ လက်နဲ့အတူ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ် လို့ MBT တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်နှင့် ပခုက္ကူနယ်အစပ် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ လက်ဦးမှုယူကာ တိုက်ခိုက်နိုင်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်တဝိုက်မှာ စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရမှု အယောက် ၃၀ ကျော်ရှိနိုင်ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People's Defence Force ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်နီပျူစောထီးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကန်နီ ပျူစောထီးကျေးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် ‌ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ဝေါ်လေဗျူဟာကုန်းကနေ ဈေးဆင်းဝယ်တဲ့ အကြမ်းဖက်စစ်သား သေနတ်နဲ့ ချောင်းပစ်ခံရလို့ လက်နက်ကြီးနဲ့ ရမ်းထုနေ

ကရင်ပြည်နယ်၊ ဝေါ်လေဗျူဟာကုန်းစခန်းကနေ အကြမ်းဖက်စစ်သားတွေ မြို့ထဲဈေးဆင်းဝယ်တဲ့အချိန်မှာ သေနတ်နဲ့ချောင်းပစ်ခံရပြီး စစ်သားတစ်ယောက် ဒဏ်ရာရရှိသွားတာကြောင့် ဝေါ်လေဗျူဟာစခန်းကုန်းကနေ လတ်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဇူလိုင်လအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးကို အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၁၄၀ ဦးရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နေရာအနှံ့အပြား ရောက်ရှိနေတဲ့ ကရင်လူမျိုးတွေ ပေါင်းစည်းပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

နေရာအနှံ့အပြားကို ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေအားလုံး အခြားသောတိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်ဝါဒ ပြိုလဲကျရေး စုပေါင်းဆောင်ရွက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။