ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းထဲ ပါသူတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အပေါင်းအပါတွေက စစ်မှု့ထမ်းဖို့ လာခေါ်ချိန်မှာ ညီဖြစ်သူမရှိတာကြောင့် အစ်ကိုဖြစ်တဲ့ ဘုန်းကြီးဝတ်နေသူကို သင်္ကန်းချွတ်ကာ လူဝတ်လဲပြီး စစ်မှု့ထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။
“ညီအကို ၂ ယောက်ပဲ ရှိတာ၊ အကိုဖြစ်သူက ဘုန်းကြီးဝတ်နဲ့ ညီဖြစ်သူ စစ်မှုထမ်းစာရင်းထဲ ပါလို့ဆိုပြီး သင်္ကန်းချွတ် လူဝတ်လဲကာ လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွား​တာပါ၊ ဘုန်းကြီးဝတ်နေတဲ့အစ်ကိုက သင်္ကန်းဝတ်နဲ့ဆိုတော့ စစ်မှုထမ်းမပါလောက်ဘူးထင်ပြီး အိမ်ကိုပြန်လာနေတဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်ပါဝင်တဲ့ အပေါင်းအပါတွေက ဖမ်းဆီးခေါ်ဆောင်သွားတာ၊ အရပ်ဝတ်နဲ့ရဲတွေလည်း ပါလာတာ” လို့ တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်၊ နွယ်နီလမ်းထဲမှာ နေထိုင်တဲ့အမျိုးသမီးတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“မိဘတွေကတော့ ငိုယိုပြီးကျန်နေခဲ့တယ်၊ အစ်ကိုဖြစ်သူက ဘုန်းကြီးဝတ်နေတာ ၁နှစ်လောက်ရှိပြီ၊ စစ်မှုထမ်းပါတဲ့ညီ မရှိလို့ အိမ်ကို ခဏပြန်လာကြည့်တဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ၊ အရပ်ဝတ်နဲ့ ရဲတွေက လာဖမ်းဆီးသွားတာ” လို့လည်း အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ ပတ်သတ်လို့ တောင်ဒဂုံမြို့နယ်မှာ ရပ်ကွက်အတွင်း နေထိုင်သူတွေကိုသာ မဲနှိုက်ရွေးချယ်တာမဟုတ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်သင့်ရာ စာရင်းပြုစု ထည့်ပေးနေတာဖြစ်ပြီး ညအချိန် လက်ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်ထိုင်တတ်တဲ့ လူငယ်တွေကိုပါ ပေါ်တာဆွဲဖမ်းဆီးတာလုပ်နေတယ်လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
ပုံစာ (၁)- တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင် (မောင်း Telegram တွင်ကြည့်နိုင်)
ပုံစာ (၂) ရန်ကုန်မှာ ညဘက် ဧည့်စာရင်းစစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ရေးမြို့နယ်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းရှိ စစ်မှုထမ်းဆင်း စစ်သားသစ် ၂ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက စစ်မှုထမ်းဆင်းစစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စစ်တပ်သမိုင်းမှာ နာမည်အပျက်ဆုံး ဖြစ်နေသူ မင်းအောင်လှိုင်က သူ့လူများကို စစ်တပ်အတွက် နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရန် ညွှန်ကြား …

“ကာကွယ်ရေးစွမ်းပကား တိုးတက်စေရေး ဆောင်ရွက်သွားဖို့အပါအဝင် မိမိကိုယ်ကိုကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ကာ နိုင်ငံတော်နဲ့ စစ်တပ်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် စစ်တပ်ကို နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရမယ်” လို့ တစ်နိုင်ငံလုံးလှည့်ပတ်ဗုံးကြဲပြီး ပြည်သူကို အကြမ်းဖက်နေနေတဲ့ မင်းအောင်လှိုင်က ခပ်တည်တည်တဲ့ ပြောဆိုသွားခဲ့တာပါ။
Read More

မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့..

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့် လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်း… (ဓာတ်ပုံသတင်း)

အညာဒေသမှာ အခြေစိုက်တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့်အတွက် ဩဂုတ်လ ၂၈ ရက်မှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံးပျက်စီးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက သကျက်ကျေးရွာအုပ်စုအတွင်း စက်တင်ဘာလ ၁၁ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျွဲထိန်းကုန်းကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာတွင် ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၁ နာရီကြာတိုက်ပွဲ ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ရွှေဂူနီဘုရားဝန်းအတွင်းက စစ်အုပ်စုတွေဆီ ရိက္ခာလာပိုတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ မုံရွာအခြေစိုက်တော်လှန်​ရေးတပ်တွေ ကျောက္ကာလမ်းပိုင်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ဆီက သိရပါတယ်။