မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီအထိုင်တပ်စခန်းရှိ အဆောက်အအုံတွေ၊ ဂျမ်ဘာတွေနဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဆိပ်ဖြူ မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ပကဖ၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ (၃)၊ မကွေးတိုင်း ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့ နဲ့ သိန်းငှက်နက်ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား  တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း သံပုံးတီးသပိတ်ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် မနေ့ညပိုင်းက သံပုံးတီးသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ဗကသ ကျောင်းသားဟောင်းများ၊ သမိုင်းသစ် စစ်ဘေးသင့် ကူညီထောက်ပံ့ရေးအဖွဲ့က ပြည်သူလူထုနဲ့အတူပူးပေါင်းပြီး မိုးကုတ်မြို့နဲ့အတူ အရာတော်မြို့နယ်ရှိကြောင်း ပြသနေတဲ့အနေနဲ့ သံပုံးတီးသပိတ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မန္တလေး-နေပြည်တော်အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဉ် ၁ စီး ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၂၁၄ မိုင် ၆ ဖာလုံမှာ မတ်လ ၁၂ ရက် မနေ့ ညနေပိုင်းက  ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကော်သူးလေထိန်းချုပ်နယ်မြေ သောင်ရင်းမြစ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်ရဲဘော်ရဲဘက်များအတွက် ဂုဏ်ပြုပွဲကျင်းပ (ရုပ်/သံ)

ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တပ်မဟာ (၇)အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၈ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေကို မေလ ၂၁ ရက်မှာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကင်မ်ဂျုံအန်း၏ DNA မကျန်ခဲ့စေဖို့ သူအသုံးပြုခဲ့သည့် ပစ္စည်းများကို မြောက်ကိုရီးယားကိုယ်ရံတော်များ ရှင်းလင်းရေးပြုလုပ် (ရုပ်/သံ)

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပနေတဲ့ တရုတ်အောင်ပွဲနေ့စစ်ရေးပြပွဲကို တက်ရောက်လာတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ DNA နမူနာတွေ မကျန်ခဲ့စေဖို့ သူအသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ကိုယ်ရံတော်တွေက ရှင်းလင်းကြပါတယ်။