မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း – ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီသင်တန်းကို ၄၅ ရက်ကြာ ပြုလုပ်ခဲ့ပြီး ပကဖ တာဝန်ခံနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကာ စစ်သင်တန်းဆင်းရဲဘော်တွေကို အားပေးချီးမြှောက်ခဲ့တယ်လို့ သိရပါတယ်။
စလင်းစိုးမိုးနယ်မြေအတွင်း အခက်အခဲများစွာနဲ့ စစ်သင်တန်းသင်ယူတက်မြောက်ခဲ့တဲ့ ရဲဘော်တွေကို အထူးလေးစား ဂုဏ်ယူသလို ရည်ရွယ်ချက်ကောင်းများစွာနဲ့ စုဖွဲ့ထားတဲ့ အင်အားစုတစ်ရပ်ကနေ စစ်ရေး/နိုင်ငံရေး ပြည့်ဝတဲ့ တပ်ဖွဲ့တပ်စုအဖြစ် ပြည့်ဝအောင် ကြိုးစားမှုအပေါ် အသိအမှတ်ပြုတယ်လို့ စလင်းပကဖ တာဝန်ရှိသူတွေက ဆိုပါတယ်။
သင်တန်းဆင်းရဲဘော်တွေအနေနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကောင်းစွာ နားလည်ပြီး ပြည်သူ့စစ်မဟာဗျူဟာကို ကောင်းစွာကျင့်သုံးဖို့ စလင်း ပကဖ တာဝန်ရှိသူတွေက အထူးသတိပေးမှာကြားခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ထီးလင်းက စစ်ကောင်စီတပ်သား ၁ ယောက် ဂန့်ဂေါခရိုင် တပ်ရင်း ၁၈ ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း - Yaw National Revolution Force ဆီကို ထီးလင်းမြို့က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား SSPP ဌာနချုပ်မှာ ကျင်းပ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှာ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့နယ် ပကဖ ထံ ပျူစောထီး ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဘုတလင် ပကဖက အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်/ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သင်တန်းမှာ ပါဝင် လှုပ်ရှားသူက ပြောပါတယ်။
Read More

ဗိုလ်ချုပ်တာဘုန်းကျော် ကွတ်ခိုင်မြို့ကို ရောက်နေလို့ စစ်ကောင်စီ ဗုံးကြဲတာဖြစ်ကြောင်း သတင်းထွက်နေမှုအပေါ် TNLA ငြင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရတာဟာ တအာင်းတပ်မတော် TNLA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်တာဘုန်းကျော် ကွတ်ခိုင်မြို့ကို ရောက်ရှိနေတာကြောင့် စစ်တပ်က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေမှုအပေါ် TNLA က ငြင်းဆိုလိုက်ပါတယ်။