စစ်ကိုင်းတိုင်း ချောင်းဦးမြို့ မိုးကောင်း‌ကျောင်းအတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အင်အား ၁၀ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၆ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရရှိသွား တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံက သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားထဲမှာ တောပုပျူစခန်းက ရဲ ၁ ယောက်လည်း ပါဝင်ပြီး လက်နက်ကောက်ယူဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကူတွေ ရောက်လာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့CDSOMမှ ဗိုလ်စင်္ကြာစစ်ကြောင်း၊ မုံရွာခရိုင်တပ်ရင်း (၈)နဲ့ စစ်ကိုင်းခရိုင်ထောက်ပို့တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြ တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၆ ဦး သေဆုံးကာ သေနတ် ၈ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် လကတ ၂၀၃၆ တပ်မှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ဦး သေဆုံးပြီး သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့တယ်လို့  ပခုက္ကူခရိုင်စစ်ဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်းရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ် စစ်သား ၃ ယောက်သေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မြို့နယ် ကျီးကုန်းရွာအတွင်းရှိ စစ်အုပ်စု ထောင်သွားသည့် မိုင်းများကို ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီးကုန်းရွာအတွင်း စစ်တပ် ထောင်ထားတဲ့ မိုင်းတွေကို ပြည်သူတွေ အန္တရာယ်မဖြစ်စေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ Chaung U People's Defence Force က ဒီဇင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းမပေါ်မှာ ဆက်ကြေးကောက်ဖို့နဲ့ မိုင်းရှာဖို့ ထွက်လာတဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တောပုရွာက ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ Chindwin Fighter Groupမှ ထုတ်ပြန်ထားပါ တယ်။ ဇန်နဝါရီ ၈ ရက်က မုံရွာ-‌ချောင်းဦးလမ်းမပေါ်မှာ ဆက်ကြေးကောက်ဖို့နဲ့ မိုင်းရှာဖို့ ထွက်လာတဲ့ ပျူ စောထီးစစ်ကြောင်းကို ပ‌ဒေသာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို BRAVE HEART AYMY.BHA ၊ MONYWA DYNAMITE.STF နဲ့ CHINDWIN FIGHTER GROUP.CFGတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်တပ် လက်ပါးစေ ကြံ့ခိုင်ရေးအတွက် ဂျင်းနီ၊ နန်းဝေဝေမြင့်နှင့် ကျော်ကျော်နန္ဒတို့ မဲဆွယ်ပေး (ရုပ်/သံ)

အာဏာသိမ်းစစ်တပ် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အဆိုတော် ဂျင်းနီ၊ ကျော်ကျော်နန္ဒနဲ့ နန်းဝေဝေမြင့်တို့က စစ်တပ်အသွင်ပြောင်း ကြံ့ခိုင်ရေးပါတီဘက်ကနေ မဲဆွယ်ပေးနေပါတယ်။
Read More

မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေ အနီးကပ်ဝင်ရောက်ပစ်ခတ်မှု ၄ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ပြောက်ကျားနည်းနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။