မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၂ ယောက်က လက်နက်ကိုယ်စီနဲ့ အလင်းဝင်ရောက်လာပြီး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိတယ်လို့ ပေါက်တောင်ပိုင်း၊ Young Revolution Front ပ.က.ဖ အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်က ပေါက်မြို့နယ်တောင်ပိုင်း၊ ကိုင်းလယ်ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ဟာ G3 အမျိုးအစား သေနတ် ၁ လက်နဲ့အတူ ပေါက်တောင်ပိုင်း၊ Y.R.F ပကဖ အဖွဲ့ဆီ အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ပေါက်တောင်ပိုင်း၊ Y.R.F ပကဖ ဆီ အလင်းဝင်ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ရှိပြီ ဖြစ်ပြီး ပထမဆုံးအလင်းဝင်လာသူမှာလည်း ကိုင်းလယ်ရဲစခန်းကပဲဖြစ်သလို G3 သေနတ် ၁ လက်နဲ့ ကျည်အတောင့် ၁၀၀ ယူဆောင်ပြီး ပြီးခဲ့တဲ့ဇွန်လက ဝင်ရောက်လာတာလို့ သိရပါတယ်။
” ပထမအလင်းဝင်လာတဲ့ ရဲတပ်သားက ကိုင်းလယ်ရဲစခန်းမှာ တာဝန်ကျပြီး သိပ်မကြာခင်မှာပဲ ကျနော်တို့နဲ့ အဆက်သွယ်လုပ်ပါတယ်။ အဆက်သွယ်ရရချင်းပဲ CDM လုပ်ဖို့ အစစအရာရာ ကူညီဆောင်ရွက်ပေးနေတဲ့အကြောင်း ကျနော်တို့က ပြောပြလိုက်ပါတယ်။ သူ အဲ့ကမထွက်လာခင် ကျနော်တို့ဆီ အတွင်းသတင်းပေး လုပ်ခဲ့ပါသေးတယ်။ နောက်စခန်းမှူးက ရိပ်မိသွားတာနဲ့ထွက်လာခိုင်းလိုက်တာပါ။ ဒုတိယအလင်းဝင်လာတဲ့ တစ်ယောက်ကတော့ ကျနော်တို့ကင်းကျတဲ့ဆီ လာပြီး အလင်းဝင်လာတာပါ။” လို့ ပေါက်တောင်ပိုင်း၊ Young Revolution Front ပ.က.ဖ အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ပေါက်တောင်ပိုင်း ပကဖ အနေနဲ့ အခုလိုအလင်းဝင်ရောက်လာသူတွေကို လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားကြောင်းနဲ့ စားဝတ်နေရေးအပါအဝင် လိုအပ်ချက်တွေကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
လက်ရှိ ပေါက်မြို့နယ်တောင်ပိုင်းမှာ တပ်ကုန်း၊ ရွာသစ်နဲ့ ဒီးဒုတ်ကွင်းစတဲ့ လက်နက်ကိုင်ပျူစောထီး အားကောင်းတဲ့ ကျေးရွာတွေ ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မကြာခဏထိတွေ့မှုရှိသလို အရပ်သားတွေ ရွာကိုစွန့်ခွာထွက်ပြေးလာတာမျိုးတွေလည်း ရှိပါတယ်။
” CDM သမားတွေကတော့ ကျနော်တို့နဲ့အတူ စကစကို ပြန်ပြီး တော်လှန်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်ဗျ။ ကျနော်တို့တပ်ဖွဲ့ဆီ စစ်သားအလင်းဝင်လာတာမျိုးတော့ မရှိသေးဘူး။ ပျူစောထီးရွာတွေက ပြည်သူတွေနဲ့အတူ ထွက်လာတာတော့ရှိပါတယ်။” လို့ ပေါက်တောင်ပိုင်း၊ Young Revolution Front ပ.က.ဖ အဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
ပုံစာ – ပေါက်တောင်ပိုင်း Y.R.F ပကဖ ဆီ အလင်းဝင်ရောက်လာသူများ…
0 Shares:
You May Also Like
Read More

ဒီပဲယင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးအပါ ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်တစ်ခုလုံး မငြိမ်သက်အောင် လုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးဟု ပြော

တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်သုံ့ပန်း သတ်ဖြတ်ခဲ့တဲ့ AA ရဲဘော်တချို့ကို အရေးယူအပြစ်ပေးပြီးပြီ ဟု AA ပြောခွင့်ရ ခိုင်သုခ ပြော၊ ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံး၀ လက်မခံဘူး ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းဘူးမြို့အနောက်မြောက်ဘက် အိုးပြင်မဲရွာကို ခလရ ၈၈ စစ်ကြောင်း မီးဝင်ရှို့၊ နေအိမ်၂၀ ကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ခလရ ၈၈ အကြမ်းဖက်စစ်သားတွေက မြို့အနောက်မြောက်ဘက် အိုးပြင်မဲကျေးရွာကို စစ်ကြောင်းဝင်မီးရှို့ရာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက မောင်းကိုပြောပါတယ်။
Read More

ပုလောနယ်က ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်၊ ပျူ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျုစောထီးစခန်းတစ်ခုကို KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးဌာနဆီက သိရပါတယ်။
Read More

စစ်ကောင်စီပိုင် ခွဲတမ်းဆီ(စာအုန်းဆီ) ပေပါများ သယ်လာသည့် ခြောက်ဘီးကားကို Southern YSO PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီပိုင် ခွဲတမ်းဆီ (စားအုန်းဆီ) ပေပါတွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားကို ပခုက္ကူ-ရေစကြို လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးစစ်ဆေး သိမ်းဆည်းခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။